အသိပေးစကားစုများ

ဓမ္မဒူတဆရာတော်ကြီး၏
တပည့်
ဓမ္မဒူတ အရှင်ဆေကိန္န

 

စိတ်ဆိုးနေတဲ့အခါ
ကောင်းတဲ့စိတ်နဲ့
လဲလိုက်ပါ၊
ရှုပ်နေရင်
ရှင်းတဲ့စိတ်၊
ပူနေရင်
အေးတဲ့စိတ်၊
နောက်နေရင်
ကြည်တဲ့စိတ်နဲ့
ချက်ချင်းလဲလိုက်ပါ

သူများ
ပေးစာ ကျွေးစာ
တစ်ထောင်ဖိုး
စားရတာထက်
ကိုယ့်လုပ်စာ
တစ်ကျပ်ဖိုးက
ပိုပြီးမြိန်တယ်

ငါ အတော်ဆုံးလို့
ထင်နေရင်
အဖျင်းဆုံး
အဆင့်ကို
ရောက်သွားပြီ

ကောင်းတဲ့အလုပ်ဟာ
နောက်ကျတယ် ဆိုတာ
မရှိပါဘူး
လုပ်ငန်း
မစ ရသေးတာပဲရှိပါတယ်

အမြင့် ရောက်မှ
အေမြင်ကျယ်တာထက်
အမြင်ကျယ်လို့
အမြင့် ရောက်တာက
ပိုကောင်းတယ်။

ဖြစ်ချင်တာကို
ဦးစားပေးခဲ့လွန်းလို့
ဖြစ်နိုင်တာတွေပါ
ဆုံးရှုံးလိုက်ရပြီ။
ဖြစ်နိုင်တာကိုသာ
ဦးစားပေးရင်
ဖြစ်ချင်တာတွေပါ
အားလုံး
ဖြစ်လာမယ်။

“ဘေး” ကို
ကြည့်လွန်းအားကြီးရင်
“ဘေး” တွေ့တတ်တယ်။

 

 

 

မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို

ရှာ၍မပျက်၊ Aိမ်တွင်ဖတ်။

ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက

သားမယားပင်၊ သိမြင်ကင်းကွာ

မလိမ္မာလည်း၊ စာပေးစကား

နေ့တိုင်းကြားက

ထူးခြားလိမ္မာ ရှိသည်သာတည်း။

( ရှင်မဟာရဋ္ဌသာရ)

ပညာပြည့်ဝ နှလုံးလှ

ပညာပြည့်ဝ၊ နှလုံးလှသော်

ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်

ကျU်းကျယ်ထွင်းဖောက်

ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏။

( မဃဒေ၀ )

စာကောင်းပေကောင်းဖတ်

၁။ ညစ်ညမ်းသောစာပေများကို ရှောင်ကြU်ခြင်းသည် Aသေ၀နာစဗာလာနံ မင်္ဂလာ ဖြစ်ပြီး၊ စာပေကောင်းများကို ဖတ်ရှုခြင်းသည် ပဏ္ဍိတာနU္စသေ၀နာမင်္ဂလာဖြစ် သည်။

၂။ ဗာဟုသစ္စ မင်္ဂလာနှင့်Aညီ AကြားAမြင်များေAာင်၊ Aကျင့်စာရိတ္တကောင်းေAာင် စာကောင်းပေကောင်းများကို ဖတ်ရှုနိုင်ခြင်းသည် လူတော်လူကောင်းများမှာ ရှိရမည့် Aရည်Aချင်းကောင်းတစ်ခု ဖြစ်၏။

၃။ တရားစာပေကောင်းများကို ဖတ်ရှုခြင်းသည် (Aသံတိတ် တရားနာခြင်း တစ်မျိုး ဖြစ်၍) နိဗ္ဗာန်ရောက်ကြောင်း Aရည်Aချင်းကောင်းတစ်ခု ဖြစ်၏။

၎။ Aတ္တသမ္မာပဏိဓိစ မင်္ဂလာနှင့်Aညီ မိမိခန္ဓာကိုယ်နှင့်စိတ်ဓာတ်ကို ကျန်းမာ၊ ကြံ့ခိုင်စေလိုသူသည် စာကောင်းပေကောင်းများကို များများ ဖတ်ရှုရာ၏။

ဪ….. လူ့ပြည်လောက၊

လူ့ဘဝကား၊ Aိုရနာရ၊

သေရUီးမည်၊ မှန်ပေသည်တည်း။

~~~

သို့တပြီးကား၊ သင်သေသွားသော်၊

သင်ဖွားသောမြေ၊ သင်တို့မြေသည်၊

Aခြေတိုးမြင့်၊ ကျန်ကောင်းသင့်မြတ်၊

သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတက်မြင့်၊

ကျန်ကောင်းသင့်၏။

~~~

သင် … Uီးချ၍၊

Aမျှဝေရာ၊ စေတီသာနှင့်၊

သစ္စာAရောင်၊ Uာဏ်တန်ဆောင်လည်း၊

ပြောင်လျက်၊ ဝင်းချက်၊

ကျန်စေသတည်း။

ဇော်ဂျီ (၁၉၃၅)

AားကိုးရာAစစ်

AားကိုးရာAစစ်ကား … ဗုဒ္ဓ၊ ဓမ္မ၊ သံဃ၊

မိတ်ဆွေAစစ်ကား … ကံ၊ ဉာဏ်၊ ၀ိရိယ၊

ရန်သူAစစ်ကား … လောဘ၊ ဒေါသ၊ မောဟ၊

နေ့စU်Aလုပ်ကား … ဒါန၊ သီလ၊ ဘာဝနာ၊

နှလုံးသွင်းရန်Aစစ်ကား … Aနိစ္စ၊ ဒုက္ခ၊ Aနတ္တ၊

Aမြဲတမ်းလက်ကိုင်ထားရန်ကား … ခန္တီ၊ မေတ္တာ၊ သစ္စာ။

( တရားကိုသာ၊ Aားကိုပါ၊ Aရာရာပြီးမြောက်၏။ နှေးတာ မြန်တာ၊ ဤမျှသာ၊ ကွာဟတာပဲ ခြားနား၏။ )

“ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူေAာင်စိတ်ကိုထား၊

ဘုရားတိုင်းသာ၊ ဟောခဲ့တာ၊ သုံးဖြာ ဤစကား၊

ခုလည်းချမ်းသာ၊ နောင်ချမ်းသာ၊ ကျင့်ပါ ဤတရား။”

Eည့်သည်ဟူသည်…

“ Eည့်သည် ” ဆိုသည်မှာ လာပြီးလျှင် ပြန်သွားရသူဖြစ်၏။ လာခြင်းကား “Aဖြစ်”၊ ပြန်ခြင်းကား “Aပျက်” တည်း၊ မိမိရင်တွင်း၌ ဖြစ်ပေါ်လာသော ၀မ်းသာမှု့၊ ၀မ်းနည်းမှု့၊ ချမ်းသာမှု့၊ ဆင်းရဲမှု့တို့သည် မိမိထံ ခဏAလည်လာသော Eည့်သည်များသာ ဖြစ်၏။

မိမိခင်မင်တွယ်တာသော ပုဂ္ဂိုလ်များ၊ ပစ္စည်းUစ္စာ ရတနာများသည်လည်း ခဏAလည်လာသော Eည့်သည်များသာ ဖြစ်ပါ၏။

Eည့်သည်ကို စွဲလန်းလျှင် သင်ဆင်းရဲမည်။

ဤသဘောကို “မြင်ေAာင်ကြည့်၊ သိေAာင်ကျင့်” ပါလေ။

Aရာရာဟာ Eည့်သည်ပါ။

တရားကိုသာ Aားကိုးပါ။

~~~~~~~~~

မဆင်းရဲချင်ရင်

လောဘ၊ ဒေါသ၊ မောဟ ရဲ့ Aဖျက်စွမ်းAားကြောင့် သူသူငါငါ ဆင်းရဲပင်ပန်းကြတယ်။

သီလ၊ သမာဓိ၊ ပညာရဲ့ Aပြုစွမ်းAားကြောင့် သူသူငါငါ

ချမ်းသာကြ၊ ငြိမ်းေAးကြတယ်။

မဆင်းရဲချင်ရင်၊ ချမ်းသာချင်ရင်

သီလ၊ သမာဓိ၊ ပညာဆိုတဲ့ Aပြုစွမ်းAားတွေကို

ကိုယ့်သန္တာန်မှာတည်ေAာင်

ကြိုးစားAားထုတ်ကြရမယ်။

“Aို၊ နာ၊ သေ၊ ကွဲ တွေ့ကြုံမြဲ၊ မလွဲငါ့ကံ ငါစီမံ

စိတ်ကြံ့ခိုင်ရေး AစU်တွေး၊ မနှေးဆင်ခြင်ရန်။”

Aဆောင်ကောင်း

လူတွေဟာ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး စတဲ့ လက်ဝတ်တန်ဆာ ရတနာတွေကို ကိုယ်နဲ့မကွာ Aမြဲဝတ်ဆင်ထားသလို တရားကို ကိုယ်နဲ့မကွာ ၀တ်ဆင်ဆောင်ထား နိုင်မယ်ဆိုရင် မဂ်ဖိုလ် နိဗ္ဗာန်ရဖို့ မခဲယင်းဘူး။

ရတနာAမျိုးမျိုးရှိတဲ့Aနက် တရားရတနာဟာ Aကောင်းဆုံး၊ Aမြတ်ဆုံးပဲ။

Aဆောင်တကာ့ Aဆောင်တွေထဲမှာတော့ တရားAဆောင်ဟာ Aကောင်းဆုံးပဲ။

ဒါ့ကြောင့် “ တရားသတိ၊ Aမြဲရှိမှ၊ ခုလည်းချမ်းသာ၊ နောင်ချမ်းသာမည်၊ ငါ့မှာ သတိမြဲဖို့တည်း” လို့နေ့တိုင်း ရှုမြင်၊ ဆင်ခြင် နှလုံးသွင်းရမယ်။

~~~~~~~~

လုပ်ဆောင်ချက်ကသာ Aဓိက

ကောင်းတာကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြောတဲ့Aခါ “ရက်ရာဇာ”၊

မကောင်းတာကြံ၊ မမှန်တာလုပ်၊ မဟုတ်တာပြောတဲ့Aခါ “ပြဿဒါး”၊

ကိုယ့်ရဲ့ ကံကောင်းမှု၊ ကံမကောင်းမှုဟာ နေ့တွေရက်တွေနဲ့ မဆိုင်ပါ။

ကိုယ့်ရဲ့ ပြုလုပ်၊ ပြောဆို၊ ကြံစည်မှု ကောင်း၊ မကောင်းနဲ့သာ ဆိုင်တာပါ။

ကံကောင်းချင်ရင် ကောင်းတာကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြော၊

ကံဆိုးချင်ရင် မကောင်းတာကြံ၊ မမှန်တာလုပ်၊ မဟုတ်တာပြော၊

Aဲဒါ ဗုဒ္ဓနည်းကျ ကမ္မနိယာမ သဘော။

~~~~~~~~~

ဒုက္ခနည်းေAာင်နေနည်း

ကိုယ့်ရဲ့ လောဘ၊ ဒေါသ၊ မောဟကို ထိန်းချုပ်နိုင်လေ

ပြဿနာနည်းလေ၊ ဒုက္ခနည်းလေ၊ လူသက်သာလေပဲ၊

လောဘ၊ ဒေါသ၊ မောဟကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းကတော့

စိတ်ကိုတည်ငြိမ်ေAာင်ထားပြီး တွေ့ကြုံလာသမျှကို

“ Aနိစ္စ၊ ဒုက္ခ၊ Aနတ္တ” ပဲလို့ မကြာမကြာ

ရှုမြင်၊ ဆင်ခြင်၊ နှလုံးသွင်းခြင်းပါပဲ။

ကုသိုလ်ကောင်းမှု နေ့စU်ပြု

ဒါနမပါ၊ ဖြစ်လေရာ၊ Uစ္စာမွဲတက်သည်။

Uစ္စာမွဲက၊ လူ့ဘ၀၊ေAာက်ကျလွန်းလှသည်။

သီလမပါ၊ ဖြစ်လေရာ၊ ရောဂါထူတက်သည်။

ရောဂါထူက၊ မရွှင်ပြ၊ ဒုက္ခကြီးလှသည်။

ဘာဝနာမပါ၊ ဖြစ်လေရာ၊ ပညာမဲ့တက်သည်။

ပညာမဲ့က၊ လူ့ဘ၀၊ Aသုံးမကျပြီ။

ဒါန၊ သီလ၊ ဘာဝနာ သုံးဖြာပြုသင့်သည်။

ကုသိုလ်မပါ၊ သံသရာ၊ ရှည်ကြာဆင်းရဲသည်။

ကုသိုလ်ပြုမှ၊ ကောင်းကျိုးရ၊ ဒုက္ခကင်းဝေးမည်။

ဒုက္ခကင်းလို၊ များလူဗိုလ်၊ ကုသိုလ်ပြုရမည်။

~~~~~~~~~

သေခြင်းတရား နေ့စU်ပွား

မိမိသေရမည်ကို မကြာမကြာ နှလုံးသွင်း ဆင်ခြင်ပေးခြင်း Aားဖြင့်… စိတ်ဓာတ်ကို ပုံမှန်ဖြစ်စေသည်။ Aမြင်မှန်ကန်စေသည်။ မာန်မာနလျော့နည်းစေ သည်။ လူတိုင်းကို မိမိက တန်းတူဆက်ဆံသည်။ ခင်မင်သူတိုးပွားစေသည်။ လောဘ၊ ဒေါသ၊ မောဟ လျော့နည်းစေသည်။ ပျက်စီးမှုမျိုးစုံနှင့် ကြုံတွေ့ရသော Aခါ စိတ်တုန်လှုပ်မှု၊ ကြောက်လန့်မှု၊ စိုးရိမ်သောက ဖြစ်မှုများကို လျော့နည်းစေ သည်။

သို့ဖြစ်၍ေAာက်ပါAတိုင်း မကြာမကြာ နှလုံးသွင်း ဆင်ခြင်ပါ…

“ တစ်နေ့နေ့တွင် ငါလည်းသေရမည်။ ငါ့မိဘများလည်းသေရမည်။ ငါ့သား၊ ငါ့သမီးတွေလည်း သေရမည်။ ငါ့ညီကိုမောင်နှမတွေလည်း သေရမည်။ ငါ့ဆွေမျိုး တွေလည်း သေရမည်။ ငါ့သူငယ်ချင်း Aပေါင်းAသင်းတွေလည်း သေရမည်။ ငါ့ ထက်ကြီးသူတွေလည်း သေခဲ့ပြီ။ ငါနဲ့ရွယ်တူတွေလည်း သေနေကြဆဲ၊ ငါ့ထက် ငယ်သူတွေလည်း သေနေကြတယ် ”

~~~~~~~~~

သံဝေဂ

သူ့ကိုလည်း ငါ မပိုင်၊

ငါ့ကိုလည်း သူ မပိုင်၊

ဘယ်သူကိုမှ ဘယ်သူ မပိုင်၊

ငါ့ကိုယ်သော်မှ ငါ မပိုင်၊

Aချိန်တိုင်းက..

သူဖြစ်ချင်သလို ဖြစ်၊

ငါဖြစ်ချင်သလို မဖြစ်၊

လူကသော်လည်း Uစ္စာကိုပစ်၊

Uစ္စာကသော်လည်း လူကိုပစ်၊

စင်စစ်မုချ..

Aမြဲမရှိ “Aနိစ္စ”

ကြောက်စရာ “ဒုက္ခ”

Aစိုးမရ “Aနတ္တ” ပါတကား။

( ဒီပဲယင်း ဆရာတော် )

~~~~~~~~~

Aသေလှချင်သလား

သေခါးနီးလေး၊ ကြိုတင်တွေးကြည့်၊

စိတ်ေAးချမ်းသာ၊ သေနိုင်မှာလား။

စွဲလမ်း၍သာ၊ သင်သေမှာလား၊

ယောင်ယမ်းလူးလွန့်၊ သက်စွန့်မှာလား။

ဟစ်ေAာ်ညည်းကာ၊ သေသွားမှာလား။

သက်ရှင်နေစU်၊ ကုသိုလ်ခင်မှ၊

သေစU်လှလှ၊ သင်သေရလိမ့်။

( သာမဏေကျော် )

သင် ကံထူးသူလား ကံဆိုးသူလား

ကံထူးသူများ … တရားAားထုတ်ခွင့်ရကြသည်။

ကံဆိုးသူများ … တရားနှင့်လွဲကြသည်။

ကံAလွန်ဆိုးသူများ … တရားကိုရှောင်ကြသည်။

~~~~~~~~~

Aလှပြင်ကြစို့

လက်ကိုလှပေAာင် ပြုလုပ်ပေးသောAရာမှာ

လက်စွပ်၊ လက်ကောက် မဟုတ်ပါ။

စွန့်ကြဲ၊ ပေးကမ်း၊ လှူဒါန်းခြင်းသာ ဖြစ်သည်။

နားကို လှပေAာင်ပြုလုပ်ပေးသောAရာမှာ

နားကပ်၊ နားဒေါင်း မဟုတ်ပါ။

တရားဓမ္မ ကြားနာခြင်းသာ ဖြစ်သည်။

နှုတ်ခမ်းကို လှပေAာင် ပြုလုပ်ပေးသောAရာမှာ

နှုတ်ခမ်းဆိုးဆေး မဟုတ်ပါ။

ယU်ကျေးချိုသာ၊ မှန်ကန်စွာပြောဆိုခြင်း၊

တရားစာ ရွတ်ဖတ်သင်Aံခြင်းသာ ဖြစ်သည်။

ခန္ဓာကိုယ်ကို လှပေAာင် ပြုလုပ်ပေးသောAရာမှာ

ဘယက်တန်ဆာ မဟုတ်ပါ။

သီလရှိခြင်း၊ စည်းကမ်းရှိခြင်း၊ ယU်ကျေးလိမ္မာခြင်း၊

မေတ္တာ၊ စေတနာဖြင့် AများAကျိုး ဆောင်ရွက်ပေးခြင်း၊

လူကြီးသူမများကို ရိုသေလေးစားခြင်း ဖြစ်သည်။

~~~~~~~~

“ Aသက်၊ ဂုဏ်၊ ၀ါ ကြီးသူတို့ကို ရိုသေလေးစားခြင်းသည် ပိုက်ဆံ မကုန်ဘဲရနိုင်သော “ Aပစာယနကုသိုလ်မျိုး ” ဖြစ်သည်။ ”

မာတာပိတုUပဋ္ဌာနံ Eတံ မင်္ဂလမုတ္တမံ၊

မိဘတို့ကို ပြုစု၊ လုပ်ကျွေး၊ ထောက်ပံ့နိုင်ခြင်းသည် ကြီးပွားချမ်းသာကြောင်း Aရည်Aချင်းကောင်းတစ်ခု (မင်္ဂလာတစ်ပါး) ဖြစ်သည်။

မိဘတို့ကို မပြုစု မလုပ်ကျွေး မထောက်ပံ့ဘဲ ပစ်ထားခြင်းသည် ဆုတ်ယုတ်ဆင်းရဲကြောင်း Aမင်္ဂလာဖြစ်သည်။

မိဘမေတ္တာကို စော်ကားလျှင် တစ်နေ့ဒုက္ခတွေ့မည်။

~~~~~~~~~

မိဘစိတ်ဝမ်း၊ ငြိမ်းချမ်းစေရာ၊ ၀တ်များစွာဖြင့်၊ ကြည်သာနေ့ည၊ ပြုစုကြမူ…

လောကတွင်လည်း၊ ပညာရှင်များ၊ ချီးမွမ်းငြားရှင့်။

တစ်ပါးဘ၀၊ ပြောင်ကြပြန်ပါ၊ နောင်Aခါလည်း၊ နတ်ရွာဘ၀၊

ရောက်လေရသည်၊ မိဘလုပ်ကျွေးရကျိုးတည်း…။

မိဘနို့ကြွေး၊ ဆပ်ဖို့ရေး၊ Aလေးပြုသင့်စွာ၊ ပစ္စည်းကိုပေး၊ ဆပ်ချေသေး၊ နို့ကြွေးမကျေရာ၊ တရားနည်းနှင့်၊ ဆပ်သဖြင့်၊ ကျေခွင့်ရှိနိုင်ပါ။

~~~~~~~~~

ဆုတောင်းတိုင်း ပြည့်လိုသော်

ထိုထိုများစွာ၊ သတ္တ၀ါ၌၊

သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာတရား၊

ဤငါးပါးနှင့်၊ ပြည့်ငြားသူသာ၊

လိုရာရာလျှင်၊ ပတ္တနာဆုတောင်း၊

တောင်းတိုင်းမုချ၊ ရတက်စွတည်း။

( မဃဒေ၀လင်္ကာသစ် )

သာသနာနဲ့တွေ့ရကျိုးနပ်ေAာင်

ဘုရားသာသနာတော်တွင်းမှာ လူဖြစ်ပါလျက် ၀ိပဿနာကုသိုလ်မှ ရမသွားဘူးဆိုရင် သာသနာတော်နှင့် တွေ့ရကျိုးမနပ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါန၊ သီလ၊ သမထ ကုသိုလ်ဆိုတာတွေက သာသနာပ မှာလည်းရှိတယ်။ ၀ိပဿနာ ကတော့ သာသနာပမှာ မရှိဘူး။ ဒါ့ကြောင့်ပါပဲ။

( မဟာစည် ဆရာတော်ကြီး )

~~~~~~~~~~

တဲစုတ်ချမ်းသာ

တိုက်ကြီးပေါ်က မသူတော်၏ ဘ၀ထက် တဲစုတ်လေးထဲက သူတော်ကောင်း၏ ဘ၀က Aနှိုင်းAဆမရှိ ပို၍ချမ်းသာပါတယ်။

( သာမဏေကျော် )

~~~~~~~~~

စစ်ကိုင်းရွှေဟင်္သာဆရာတော်ကြီး၏ သြ၀ါဒ

AများAကျိုး၊ ရွက်သယ်ပိုးက

ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း

မရွဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို

စိတ်ကောင်းနှင့်ယှU်၊ ရှေးရှုနှင်လော့။

~~~~~~~~~

Aနှစ်သုံးပါး

ပစ္စည်းUစ္စာ၊ Aနှစ်ရှာ၊ ပြုပါ “ဒါန” မှတ်၊

မိမိခန္ဓာ၊ Aနှစ်ရှာ၊ စောင့်ပါ “သီလ” မှတ်၊

Aသက်ဇီဝါ၊ Aနှစ်ရှာ “ဘာဝနာ” ဟုမှတ်၊

လှူပါ၊ စောင့်ပါ၊ ပွါးများပါ၊ သုံးဖြာ “Aနှစ်” မှတ်။

( တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး )

ဝဋ်လည်မယ် သတိထား

ဆရာသမားကို ဒုက္ခပေးသော တပည့်၊

မိဘကို ဒုက္ခပေးသော သားသမီး၊

ကျေးဇူးရှင်ကို ကျေးဇူးကန်းသော သူတို့သည်

မည်သည့်Aခါမှ မကြီးပွား၊

ကြီးပွားသော်လည်း တာရှည်မခံ၊

ထိုသူတို့သည်

မကြာမီ ၀ဋ်ပြန်လည်လိမ့်မည်။

~~~~~~~~~

ဘာထူးမှာလဲ..

လူတိုင်းမှာ လောဘ၊ ဒေါသ၊ မောဟတွေ

Aနည်းနဲ့Aများ ရှိကြတာပဲ။

ဘုရားပွင့်လာတာဟာ

လောဘ၊ ဒေါသ၊ မောဟတွေ နည်းေAာင်၊ ကင်းေAာင်လို့ပါ၊

ကိုယ့်မှာ လောဘ၊ ဒေါသ၊ မောဟဖြစ်လာတဲ့Aခါ

ဘုရားပေးတဲ့နည်းAတိုင်း မထိန်းချုပ်နိုင်ကြဘူးဆိုရင်

လူ့ဘ၀ရလာတာဟာ

တခြားဘ၀တွေနဲ့ ဘာထူးမှာလဲ။

~~~~~~~~~

ဓမ္မဒါန ဖြန့်ဝေပါသည်။

စာဖတ်သူများ ဖတ်ရှု၍လိုက်နာကျင့်ကြံခြင်း၊ ပြန်လည်ဖြန့်ဝေခြင်းဖြင့် မိမိAကျိုး၊ သာသနာAကျိုး ဆောင်ရွက်နိုင်ကြပါစေ။

ေAာင်Uီး

http://www.dhammaratha.blogspot.com

Download Links – http://www.mediafire.com/?ciocnxmydjv

 

 

၁.ခွင့်လွှတ်တတ်သောသူတို့သည်  စိတ်ချမ်းသာကြသည်.
၂. ယုံကြည်မှုနဲ့ အမှန်တရားကြားမှာ တရားသဖြင့်ဆိုတဲ့ စိတ်ကောင်းလေးရှိနေပါတယ်….
၃. အခွင့်အရေးရဲ့ အရသာနဲ့ အလုပ်ရဲ့အရသာ ဘယ်ဟာကကောင်းသလဲ  ………
အလုပ်ရဲ့အရသာကိုခံစားတတ်ရင် အခွင့်အရေးရဲ့အရသာပြည့်စုံတယ်..

၎. နက်ဖြန်ကိုမျှော်ကိုးပြီး လိုချင်ဇောတွေများနေလား
နက်ဖြန်မရှိလို့ မျှော်လင့်ချက်တွေပျောက်နေလား
ယခုအလုပ်လုပ်ရင်ချက်ချင်းအကျိုးရှိတယ်
၅. သူ့ကြောင့်ဝမ်းသာခဲ့ဖူးပြီ
သူ့ကြောင့်ခံစားခဲ့ဖူးပြီ
ဝမ်းသာရတာခံစားရတာပင်ပန်းလှပါပြီ
၆. မုန်းလောက်အောင်ကြိုးစားလိုက်စမ်းပါ
ပျင်းတဲ့သူတွေကမုန်းချင်သလောက်မုန်းစမ်းပါစေ
 

မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို
ရှာ၍မပျက်၊ Aိမ်တွင်ဖတ်။
ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်၊ သိမြင်ကင်းကွာ
မလိမ္မာလည်း၊ စာပေးစကား
နေ့တိုင်းကြားက
ထူးခြားလိမ္မာ ရှိသည်သာတည်း။
( ရှင်မဟာရဋ္ဌသာရ)
ပညာပြည့်ဝ နှလုံးလှ
ပညာပြည့်ဝ၊ နှလုံးလှသော်
ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်
ကျU်းကျယ်ထွင်းဖောက်
ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏။
( မဃဒေ၀ )
စာကောင်းပေကောင်းဖတ်
၁။ ညစ်ညမ်းသောစာပေများကို ရှောင်ကြU်ခြင်းသည် Aသေ၀နာစဗာလာနံ မင်္ဂလာ ဖြစ်ပြီး၊ စာပေကောင်းများကို ဖတ်ရှုခြင်းသည် ပဏ္ဍိတာနU္စသေ၀နာမင်္ဂလာဖြစ် သည်။
၂။ ဗာဟုသစ္စ မင်္ဂလာနှင့်Aညီ AကြားAမြင်များေAာင်၊ Aကျင့်စာရိတ္တကောင်းေAာင် စာကောင်းပေကောင်းများကို ဖတ်ရှုနိုင်ခြင်းသည် လူတော်လူကောင်းများမှာ ရှိရမည့် Aရည်Aချင်းကောင်းတစ်ခု ဖြစ်၏။
၃။ တရားစာပေကောင်းများကို ဖတ်ရှုခြင်းသည် (Aသံတိတ် တရားနာခြင်း တစ်မျိုး ဖြစ်၍) နိဗ္ဗာန်ရောက်ကြောင်း Aရည်Aချင်းကောင်းတစ်ခု ဖြစ်၏။
၎။ Aတ္တသမ္မာပဏိဓိစ မင်္ဂလာနှင့်Aညီ မိမိခန္ဓာကိုယ်နှင့်စိတ်ဓာတ်ကို ကျန်းမာ၊ ကြံ့ခိုင်စေလိုသူသည် စာကောင်းပေကောင်းများကို များများ ဖတ်ရှုရာ၏။
ဪ….. လူ့ပြည်လောက၊
လူ့ဘဝကား၊ Aိုရနာရ၊
သေရUီးမည်၊ မှန်ပေသည်တည်း။
~~~
သို့တပြီးကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
Aခြေတိုးမြင့်၊ ကျန်ကောင်းသင့်မြတ်၊
သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတက်မြင့်၊
ကျန်ကောင်းသင့်၏။
~~~
သင် … Uီးချ၍၊
Aမျှဝေရာ၊ စေတီသာနှင့်၊
သစ္စာAရောင်၊ Uာဏ်တန်ဆောင်လည်း၊
ပြောင်လျက်၊ ဝင်းချက်၊
ကျန်စေသတည်း။
ဇော်ဂျီ (၁၉၃၅)
AားကိုးရာAစစ်
AားကိုးရာAစစ်ကား … ဗုဒ္ဓ၊ ဓမ္မ၊ သံဃ၊
မိတ်ဆွေAစစ်ကား … ကံ၊ ဉာဏ်၊ ၀ိရိယ၊
ရန်သူAစစ်ကား … လောဘ၊ ဒေါသ၊ မောဟ၊
နေ့စU်Aလုပ်ကား … ဒါန၊ သီလ၊ ဘာဝနာ၊
နှလုံးသွင်းရန်Aစစ်ကား … Aနိစ္စ၊ ဒုက္ခ၊ Aနတ္တ၊
Aမြဲတမ်းလက်ကိုင်ထားရန်ကား … ခန္တီ၊ မေတ္တာ၊ သစ္စာ။
( တရားကိုသာ၊ Aားကိုပါ၊ Aရာရာပြီးမြောက်၏။ နှေးတာ မြန်တာ၊ ဤမျှသာ၊ ကွာဟတာပဲ ခြားနား၏။ )
“ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူေAာင်စိတ်ကိုထား၊
ဘုရားတိုင်းသာ၊ ဟောခဲ့တာ၊ သုံးဖြာ ဤစကား၊
ခုလည်းချမ်းသာ၊ နောင်ချမ်းသာ၊ ကျင့်ပါ ဤတရား။”
Eည့်သည်ဟူသည်…
“ Eည့်သည် ” ဆိုသည်မှာ လာပြီးလျှင် ပြန်သွားရသူဖြစ်၏။ လာခြင်းကား “Aဖြစ်”၊ ပြန်ခြင်းကား “Aပျက်” တည်း၊ မိမိရင်တွင်း၌ ဖြစ်ပေါ်လာသော ၀မ်းသာမှု့၊ ၀မ်းနည်းမှု့၊ ချမ်းသာမှု့၊ ဆင်းရဲမှု့တို့သည် မိမိထံ ခဏAလည်လာသော Eည့်သည်များသာ ဖြစ်၏။
မိမိခင်မင်တွယ်တာသော ပုဂ္ဂိုလ်များ၊ ပစ္စည်းUစ္စာ ရတနာများသည်လည်း ခဏAလည်လာသော Eည့်သည်များသာ ဖြစ်ပါ၏။
Eည့်သည်ကို စွဲလန်းလျှင် သင်ဆင်းရဲမည်။
ဤသဘောကို “မြင်ေAာင်ကြည့်၊ သိေAာင်ကျင့်” ပါလေ။
Aရာရာဟာ Eည့်သည်ပါ။
တရားကိုသာ Aားကိုးပါ။
~~~~~~~~~
မဆင်းရဲချင်ရင်
လောဘ၊ ဒေါသ၊ မောဟ ရဲ့ Aဖျက်စွမ်းAားကြောင့် သူသူငါငါ ဆင်းရဲပင်ပန်းကြတယ်။
သီလ၊ သမာဓိ၊ ပညာရဲ့ Aပြုစွမ်းAားကြောင့် သူသူငါငါ
ချမ်းသာကြ၊ ငြိမ်းေAးကြတယ်။
မဆင်းရဲချင်ရင်၊ ချမ်းသာချင်ရင်
သီလ၊ သမာဓိ၊ ပညာဆိုတဲ့ Aပြုစွမ်းAားတွေကို
ကိုယ့်သန္တာန်မှာတည်ေAာင်
ကြိုးစားAားထုတ်ကြရမယ်။
“Aို၊ နာ၊ သေ၊ ကွဲ တွေ့ကြုံမြဲ၊ မလွဲငါ့ကံ ငါစီမံ
စိတ်ကြံ့ခိုင်ရေး AစU်တွေး၊ မနှေးဆင်ခြင်ရန်။”
Aဆောင်ကောင်း
လူတွေဟာ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး စတဲ့ လက်ဝတ်တန်ဆာ ရတနာတွေကို ကိုယ်နဲ့မကွာ Aမြဲဝတ်ဆင်ထားသလို တရားကို ကိုယ်နဲ့မကွာ ၀တ်ဆင်ဆောင်ထား နိုင်မယ်ဆိုရင် မဂ်ဖိုလ် နိဗ္ဗာန်ရဖို့ မခဲယင်းဘူး။
ရတနာAမျိုးမျိုးရှိတဲ့Aနက် တရားရတနာဟာ Aကောင်းဆုံး၊ Aမြတ်ဆုံးပဲ။
Aဆောင်တကာ့ Aဆောင်တွေထဲမှာတော့ တရားAဆောင်ဟာ Aကောင်းဆုံးပဲ။
ဒါ့ကြောင့် “ တရားသတိ၊ Aမြဲရှိမှ၊ ခုလည်းချမ်းသာ၊ နောင်ချမ်းသာမည်၊ ငါ့မှာ သတိမြဲဖို့တည်း” လို့နေ့တိုင်း ရှုမြင်၊ ဆင်ခြင် နှလုံးသွင်းရမယ်။
~~~~~~~~
လုပ်ဆောင်ချက်ကသာ Aဓိက
ကောင်းတာကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြောတဲ့Aခါ “ရက်ရာဇာ”၊
မကောင်းတာကြံ၊ မမှန်တာလုပ်၊ မဟုတ်တာပြောတဲ့Aခါ “ပြဿဒါး”၊
ကိုယ့်ရဲ့ ကံကောင်းမှု၊ ကံမကောင်းမှုဟာ နေ့တွေရက်တွေနဲ့ မဆိုင်ပါ။
ကိုယ့်ရဲ့ ပြုလုပ်၊ ပြောဆို၊ ကြံစည်မှု ကောင်း၊ မကောင်းနဲ့သာ ဆိုင်တာပါ။
ကံကောင်းချင်ရင် ကောင်းတာကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြော၊
ကံဆိုးချင်ရင် မကောင်းတာကြံ၊ မမှန်တာလုပ်၊ မဟုတ်တာပြော၊
Aဲဒါ ဗုဒ္ဓနည်းကျ ကမ္မနိယာမ သဘော။
~~~~~~~~~
ဒုက္ခနည်းေAာင်နေနည်း
ကိုယ့်ရဲ့ လောဘ၊ ဒေါသ၊ မောဟကို ထိန်းချုပ်နိုင်လေ
ပြဿနာနည်းလေ၊ ဒုက္ခနည်းလေ၊ လူသက်သာလေပဲ၊
လောဘ၊ ဒေါသ၊ မောဟကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းကတော့
စိတ်ကိုတည်ငြိမ်ေAာင်ထားပြီး တွေ့ကြုံလာသမျှကို
“ Aနိစ္စ၊ ဒုက္ခ၊ Aနတ္တ” ပဲလို့ မကြာမကြာ
ရှုမြင်၊ ဆင်ခြင်၊ နှလုံးသွင်းခြင်းပါပဲ။
ကုသိုလ်ကောင်းမှု နေ့စU်ပြု
ဒါနမပါ၊ ဖြစ်လေရာ၊ Uစ္စာမွဲတက်သည်။
Uစ္စာမွဲက၊ လူ့ဘ၀၊ေAာက်ကျလွန်းလှသည်။
သီလမပါ၊ ဖြစ်လေရာ၊ ရောဂါထူတက်သည်။
ရောဂါထူက၊ မရွှင်ပြ၊ ဒုက္ခကြီးလှသည်။
ဘာဝနာမပါ၊ ဖြစ်လေရာ၊ ပညာမဲ့တက်သည်။
ပညာမဲ့က၊ လူ့ဘ၀၊ Aသုံးမကျပြီ။
ဒါန၊ သီလ၊ ဘာဝနာ သုံးဖြာပြုသင့်သည်။
ကုသိုလ်မပါ၊ သံသရာ၊ ရှည်ကြာဆင်းရဲသည်။
ကုသိုလ်ပြုမှ၊ ကောင်းကျိုးရ၊ ဒုက္ခကင်းဝေးမည်။
ဒုက္ခကင်းလို၊ များလူဗိုလ်၊ ကုသိုလ်ပြုရမည်။
~~~~~~~~~
သေခြင်းတရား နေ့စU်ပွား
မိမိသေရမည်ကို မကြာမကြာ နှလုံးသွင်း ဆင်ခြင်ပေးခြင်း Aားဖြင့်… စိတ်ဓာတ်ကို ပုံမှန်ဖြစ်စေသည်။ Aမြင်မှန်ကန်စေသည်။ မာန်မာနလျော့နည်းစေ သည်။ လူတိုင်းကို မိမိက တန်းတူဆက်ဆံသည်။ ခင်မင်သူတိုးပွားစေသည်။ လောဘ၊ ဒေါသ၊ မောဟ လျော့နည်းစေသည်။ ပျက်စီးမှုမျိုးစုံနှင့် ကြုံတွေ့ရသော Aခါ စိတ်တုန်လှုပ်မှု၊ ကြောက်လန့်မှု၊ စိုးရိမ်သောက ဖြစ်မှုများကို လျော့နည်းစေ သည်။
သို့ဖြစ်၍ေAာက်ပါAတိုင်း မကြာမကြာ နှလုံးသွင်း ဆင်ခြင်ပါ…
“ တစ်နေ့နေ့တွင် ငါလည်းသေရမည်။ ငါ့မိဘများလည်းသေရမည်။ ငါ့သား၊ ငါ့သမီးတွေလည်း သေရမည်။ ငါ့ညီကိုမောင်နှမတွေလည်း သေရမည်။ ငါ့ဆွေမျိုး တွေလည်း သေရမည်။ ငါ့သူငယ်ချင်း Aပေါင်းAသင်းတွေလည်း သေရမည်။ ငါ့ ထက်ကြီးသူတွေလည်း သေခဲ့ပြီ။ ငါနဲ့ရွယ်တူတွေလည်း သေနေကြဆဲ၊ ငါ့ထက် ငယ်သူတွေလည်း သေနေကြတယ် ”
~~~~~~~~~
သံဝေဂ
သူ့ကိုလည်း ငါ မပိုင်၊
ငါ့ကိုလည်း သူ မပိုင်၊
ဘယ်သူကိုမှ ဘယ်သူ မပိုင်၊
ငါ့ကိုယ်သော်မှ ငါ မပိုင်၊
Aချိန်တိုင်းက..
သူဖြစ်ချင်သလို ဖြစ်၊
ငါဖြစ်ချင်သလို မဖြစ်၊
လူကသော်လည်း Uစ္စာကိုပစ်၊
Uစ္စာကသော်လည်း လူကိုပစ်၊
စင်စစ်မုချ..
Aမြဲမရှိ “Aနိစ္စ”
ကြောက်စရာ “ဒုက္ခ”
Aစိုးမရ “Aနတ္တ” ပါတကား။
( ဒီပဲယင်း ဆရာတော် )
~~~~~~~~~
Aသေလှချင်သလား
သေခါးနီးလေး၊ ကြိုတင်တွေးကြည့်၊
စိတ်ေAးချမ်းသာ၊ သေနိုင်မှာလား။
စွဲလမ်း၍သာ၊ သင်သေမှာလား၊
ယောင်ယမ်းလူးလွန့်၊ သက်စွန့်မှာလား။
ဟစ်ေAာ်ညည်းကာ၊ သေသွားမှာလား။
သက်ရှင်နေစU်၊ ကုသိုလ်ခင်မှ၊
သေစU်လှလှ၊ သင်သေရလိမ့်။
( သာမဏေကျော် )
သင် ကံထူးသူလား ကံဆိုးသူလား
ကံထူးသူများ … တရားAားထုတ်ခွင့်ရကြသည်။
ကံဆိုးသူများ … တရားနှင့်လွဲကြသည်။
ကံAလွန်ဆိုးသူများ … တရားကိုရှောင်ကြသည်။
~~~~~~~~~
Aလှပြင်ကြစို့
လက်ကိုလှပေAာင် ပြုလုပ်ပေးသောAရာမှာ
လက်စွပ်၊ လက်ကောက် မဟုတ်ပါ။
စွန့်ကြဲ၊ ပေးကမ်း၊ လှူဒါန်းခြင်းသာ ဖြစ်သည်။
နားကို လှပေAာင်ပြုလုပ်ပေးသောAရာမှာ
နားကပ်၊ နားဒေါင်း မဟုတ်ပါ။
တရားဓမ္မ ကြားနာခြင်းသာ ဖြစ်သည်။
နှုတ်ခမ်းကို လှပေAာင် ပြုလုပ်ပေးသောAရာမှာ
နှုတ်ခမ်းဆိုးဆေး မဟုတ်ပါ။
ယU်ကျေးချိုသာ၊ မှန်ကန်စွာပြောဆိုခြင်း၊
တရားစာ ရွတ်ဖတ်သင်Aံခြင်းသာ ဖြစ်သည်။
ခန္ဓာကိုယ်ကို လှပေAာင် ပြုလုပ်ပေးသောAရာမှာ
ဘယက်တန်ဆာ မဟုတ်ပါ။
သီလရှိခြင်း၊ စည်းကမ်းရှိခြင်း၊ ယU်ကျေးလိမ္မာခြင်း၊
မေတ္တာ၊ စေတနာဖြင့် AများAကျိုး ဆောင်ရွက်ပေးခြင်း၊
လူကြီးသူမများကို ရိုသေလေးစားခြင်း ဖြစ်သည်။
~~~~~~~~
“ Aသက်၊ ဂုဏ်၊ ၀ါ ကြီးသူတို့ကို ရိုသေလေးစားခြင်းသည် ပိုက်ဆံ မကုန်ဘဲရနိုင်သော “ Aပစာယနကုသိုလ်မျိုး ” ဖြစ်သည်။ ”
မာတာပိတုUပဋ္ဌာနံ Eတံ မင်္ဂလမုတ္တမံ၊
မိဘတို့ကို ပြုစု၊ လုပ်ကျွေး၊ ထောက်ပံ့နိုင်ခြင်းသည် ကြီးပွားချမ်းသာကြောင်း Aရည်Aချင်းကောင်းတစ်ခု (မင်္ဂလာတစ်ပါး) ဖြစ်သည်။
မိဘတို့ကို မပြုစု မလုပ်ကျွေး မထောက်ပံ့ဘဲ ပစ်ထားခြင်းသည် ဆုတ်ယုတ်ဆင်းရဲကြောင်း Aမင်္ဂလာဖြစ်သည်။
မိဘမေတ္တာကို စော်ကားလျှင် တစ်နေ့ဒုက္ခတွေ့မည်။
~~~~~~~~~
မိဘစိတ်ဝမ်း၊ ငြိမ်းချမ်းစေရာ၊ ၀တ်များစွာဖြင့်၊ ကြည်သာနေ့ည၊ ပြုစုကြမူ…
လောကတွင်လည်း၊ ပညာရှင်များ၊ ချီးမွမ်းငြားရှင့်။
တစ်ပါးဘ၀၊ ပြောင်ကြပြန်ပါ၊ နောင်Aခါလည်း၊ နတ်ရွာဘ၀၊
ရောက်လေရသည်၊ မိဘလုပ်ကျွေးရကျိုးတည်း…။
မိဘနို့ကြွေး၊ ဆပ်ဖို့ရေး၊ Aလေးပြုသင့်စွာ၊ ပစ္စည်းကိုပေး၊ ဆပ်ချေသေး၊ နို့ကြွေးမကျေရာ၊ တရားနည်းနှင့်၊ ဆပ်သဖြင့်၊ ကျေခွင့်ရှိနိုင်ပါ။
~~~~~~~~~
ဆုတောင်းတိုင်း ပြည့်လိုသော်
ထိုထိုများစွာ၊ သတ္တ၀ါ၌၊
သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာတရား၊
ဤငါးပါးနှင့်၊ ပြည့်ငြားသူသာ၊
လိုရာရာလျှင်၊ ပတ္တနာဆုတောင်း၊
တောင်းတိုင်းမုချ၊ ရတက်စွတည်း။
( မဃဒေ၀လင်္ကာသစ် )
သာသနာနဲ့တွေ့ရကျိုးနပ်ေAာင်
ဘုရားသာသနာတော်တွင်းမှာ လူဖြစ်ပါလျက် ၀ိပဿနာကုသိုလ်မှ ရမသွားဘူးဆိုရင် သာသနာတော်နှင့် တွေ့ရကျိုးမနပ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါန၊ သီလ၊ သမထ ကုသိုလ်ဆိုတာတွေက သာသနာပ မှာလည်းရှိတယ်။ ၀ိပဿနာ ကတော့ သာသနာပမှာ မရှိဘူး။ ဒါ့ကြောင့်ပါပဲ။
( မဟာစည် ဆရာတော်ကြီး )
~~~~~~~~~~
တဲစုတ်ချမ်းသာ
တိုက်ကြီးပေါ်က မသူတော်၏ ဘ၀ထက် တဲစုတ်လေးထဲက သူတော်ကောင်း၏ ဘ၀က Aနှိုင်းAဆမရှိ ပို၍ချမ်းသာပါတယ်။
( သာမဏေကျော် )
~~~~~~~~~
စစ်ကိုင်းရွှေဟင်္သာဆရာတော်ကြီး၏ သြ၀ါဒ
AများAကျိုး၊ ရွက်သယ်ပိုးက
ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း
မရွဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှU်၊ ရှေးရှုနှင်လော့။
~~~~~~~~~
Aနှစ်သုံးပါး
ပစ္စည်းUစ္စာ၊ Aနှစ်ရှာ၊ ပြုပါ “ဒါန” မှတ်၊
မိမိခန္ဓာ၊ Aနှစ်ရှာ၊ စောင့်ပါ “သီလ” မှတ်၊
Aသက်ဇီဝါ၊ Aနှစ်ရှာ “ဘာဝနာ” ဟုမှတ်၊
လှူပါ၊ စောင့်ပါ၊ ပွါးများပါ၊ သုံးဖြာ “Aနှစ်” မှတ်။
( တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး )
ဝဋ်လည်မယ် သတိထား
ဆရာသမားကို ဒုက္ခပေးသော တပည့်၊
မိဘကို ဒုက္ခပေးသော သားသမီး၊
ကျေးဇူးရှင်ကို ကျေးဇူးကန်းသော သူတို့သည်
မည်သည့်Aခါမှ မကြီးပွား၊
ကြီးပွားသော်လည်း တာရှည်မခံ၊
ထိုသူတို့သည်
မကြာမီ ၀ဋ်ပြန်လည်လိမ့်မည်။
~~~~~~~~~
ဘာထူးမှာလဲ..
လူတိုင်းမှာ လောဘ၊ ဒေါသ၊ မောဟတွေ
Aနည်းနဲ့Aများ ရှိကြတာပဲ။
ဘုရားပွင့်လာတာဟာ
လောဘ၊ ဒေါသ၊ မောဟတွေ နည်းေAာင်၊ ကင်းေAာင်လို့ပါ၊
ကိုယ့်မှာ လောဘ၊ ဒေါသ၊ မောဟဖြစ်လာတဲ့Aခါ
ဘုရားပေးတဲ့နည်းAတိုင်း မထိန်းချုပ်နိုင်ကြဘူးဆိုရင်
လူ့ဘ၀ရလာတာဟာ
တခြားဘ၀တွေနဲ့ ဘာထူးမှာလဲ။
~~~~~~~~~
ဓမ္မဒါန ဖြန့်ဝေပါသည်။
စာဖတ်သူများ ဖတ်ရှု၍လိုက်နာကျင့်ကြံခြင်း၊ ပြန်လည်ဖြန့်ဝေခြင်းဖြင့် မိမိAကျိုး၊ သာသနာAကျိုး ဆောင်ရွက်နိုင်ကြပါစေ။

Proxy နှင့် ဗုဒ္ဓတရားတော်များ

 

Proxy2net.com အပိတ်ခံရတာ ကျွန်တော် Proxy အကြောင်း ရေးလို့ဆိုပြီး သူငယ်ချင်းတစ်ယောက်က လာပြောသွားပါတယ်။ ကျွန်တော် တော်တော်လေး စိတ်မကောင်း ဖြစ်သွားပါတယ်။ ကျွန်တော် ဒီလို Proxy အကြောင်း ရေးတယ်ဆိုတာ ဗုဒ္ဓ ဓမ္မစာပေတွေ ရသစာပေတွေ ဖတ်ချင်တယ် ပြောလာတဲ့ အသိတစ်ယောက်ကို Google မှာ ရှာပုံရှာနည်းလေး ပေးလိုက်ပါတယ်။ သူကတော်တော် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သူကပြောပြန်ပါတယ်။ Google က တစ်ချို့ Link တွေကို Click ရင် အောက်မှာ ဒီလိုပေါ်နေပါတယ်တဲ့။  

Access Denied (policy_denied)

Your system policy has denied access to the requested URL.

 


For assistance, contact your network support team.

သူကတော့မေးရှာပါတယ်။ ဘယ် Network support team ကိုဆက်သွယ်ရမလဲတဲ့။

လိပ်စာမတွေ့လို့နဲ့တူပါရဲ့။ ကျွန်တော်လဲ အောက်က နှစ်ကြောင်းနဲ့ Google ကနေ Search လုပ်ကြည့်တော့ အဖြေက ဒီလိုထွက်ပါတယ်။ (inurl:)

နမော တဿ

2,840 in 1,750 + အဲဒီမှာ 2840 က All URL တွေက ဖြစ်ပြီး 1750 ကတော့ ဘလောက်တွေမှ ဖြစ်ပါတယ်။

ဗုဒ္ဓ

7,690 in 3,950 + 270 အဲဒီမှာ 7690 က All URL တွေက ဖြစ်ပြီး 3950 ကတော့ ဘလောက်တွေမှ ဖြစ်ပါတယ်။ WordPress Blog ကနေ 270 တွေ့ပါတယ်။

အချိုးက တစ်ဝက်မကပါဘူး။ အဲတာတောင်မှ URL Forwarding သုံးထားတာတို့ CNAME တွေ DNS တွေ သုံးထားတာတွေ ဘယ်လောက်ပါလဲ မသိသေးပါဘူး။ UNI.CC CO.NR စတာတွေနဲ့ URL HIDE လုပ်ထားတာတွေ ပါလဲ တစ်ကယ်တမ်း သွားရင် Access Denied ပဲပြမှာပါ။ Domain Name တွေ လုပ်တတ်ကိုင်တတ်တဲ့ လူတွေက Free Domain လေးနဲ့ ပဲဖြစ်ဖြစ် တတ်နိုင်လို့ ကိုယ်ပိုင် Domain လေးဝယ်ထားရင်ပဲဖြစ်ဖြစ် အကြောင်းမဟုတ်ပေမယ့် စာတွေရေးချင်ရုံ Blog လေး တစ်ပိုင် တစ်နိုင် လုပ်ချင်သူတွေ အတွက်ကတော့ ဒုက္ခပါ။

အပေါ်က List ကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ Local အချက်အလက်တွေ ကို အခြားသော Web တွေမှာထက် Blog တွေမှာ ပိုတွေ့ရတယ် ဆိုတာပါပဲ။မြန်မာ Forum လိပ်စာတွေလဲ ပါလာတာ တွေ့ရပါတယ်။ ဘလောက်တွေကို ယဉ်ကျေးမှုကြောင့် Policies ကြောင့် လုံခြုံရေးကြောင့် သတင်းမှားတွေ ဖြန့်ပြီး နိုင်ငံတော် တည်ငြိမ် အေးချမ်းမှုကို ထိခိုက် ပျက်ပြားစေမှာ ဆိုးတာကြောင့် Blogspot ကြီး ပိတ်ခံထိထားရပါတယ်။ အဲဒီအချိန်မှာ ပွန်း ဆိုက်တွေကတော့ တစ်ပျော်တစ်ပါးပါပဲ။ ရ က် ကျု ၊ ရ က် ပွ န်း ၊ ဂ –ျ – ပ – န –် ၊ ကိုး တ စ် တ စ် အှာရ ၊ အှာ ရ ဆ က် ဧ င် ၊ အာ ဆီ ယံ ဆ က် ပွ န်း နီ ယံ၊ ပွ န်း ဘေ လာ က် ရ က် ဘ စ် ၊ ရေးလို့တောင် မကုန်လောက်ဘူုး ဝင်ရှာတိုင်းလဲ ထပ်တွေ့နေဦးမှာပါပဲ။ အဲတာလေးတွေ ကျတော့ ကြာရှည်ခံနေပါတယ်။ အဲတာတွေကြည့်ဖို့က ကျော်စရာမလိုပါဘူး။ ကိုယ်ပိုင် Domain ရှိပြီ ကိုယ်ပိုင် Host ရှိပြီဆိုတဲ့လူတွေက ကျော်တာခွတာ တင်မကပါဘူး။ ကိုယ်ပိုင် အကျော်အခွဆိုက်တွေပါ လွယ်လွယ်လေး ရေးနိုင်ကြပါတယ်။ ဘာအခက်အခဲမှ မရှိပါဘူး။ ကျွန်တော် ဒီ Proxy လေးတွေကို ပေးရတာဟာ မြန်မာဘာသာနဲ့ Blog လေးတွေ ဖတ်ချင်တဲ့ အခုမှ စသုံးတဲ့ လူတွေ Access Denied ဆိုတာတွေ့ရင် မလုပ်တတ်တော့လို့ Internet ကဘာမှဖတ်လို့ မရလိုက်ဘူးလို့ ပြောနေကြလို့ မြန်မာ Blog လေးတွေ ဖတ်လို့ရရုံ ပေးလိုက်တာပါ။ Blogspot တို့ WordPress တို့ Livejournal တို့လို လူသိများတဲ့ Blog တွေကို စီစစ်ပြီး နိုင်ငံရေး ဘာသာရေး လူမျိုးရေး ယဉ်ကျေးမှုတွေနဲ့ လွတ်ကင်းတာလေးတွေ ပြန်ပြီး ဖွင့်ပေးမယ်ဆိုရင်ဖြင့် ကျော်ကြ ခွကြ ရတာတွေ လွတ်ကင်းလာမယ်။ Internet သုံးရတာတွေ ပိုတန်လာမယ်လို့ ထင်မိပါကြောင်း……………..

အောက်က Link တွေက ပထမပြောထားတဲ့ ဗုဒ္ဓ ရယ် နမောတဿ ရယ်နဲ့ ရှာထားတဲ့အထဲက အနည်းအကျဉ်းပါ။ ဘယ်လောက် ဖတ်သင့် မှတ်သင့်လေ့လာသင့်လဲ ချိန်ထိုးကြည့်ရအောင်ပါ။ အဲဒီထဲက တစ်ဝက်ကျော် (2/3) ပုံက Access Denied ဖြစ်နေတာပါ။ ခွင့်မတောင်းပဲ ကူးယူဖော်ပြသည့်အတွက် စာရေးသူများ Bloggerများအား ဤနေရာမှ အနူးအညွှတ် တောင်းပန်အပ်ပါသည်။

 

http://www.suenaing.com/2007/08/blog-post_14.html

 

http://ahnai.blogspot.com/2008/08/blog-post_24.html

ဗုဒ္ဓ၏ ထူးခြားချက်များ

 

ဗုဒ္ဓသည် မိုးရာသီတွင် နားနေ၍ အခြားအခါကာလများတွင် တစ်နေရာမှ တစ်နေရာသို့  ခရီးလှည့်လည်ပြီးလျှင် တရားဟောတော်မူလေ့ရှိ၏။ တစ်ခါတစ်ခါရံတွင်မူ သာသတ္တိ၊ ဝေသာလီစသောမြို့ ကြီးများတွင် သီတင်းသုံးတော်မူ၏။ မဇ္ဇိမနိကယ် အရိယပရိသေသနသုတ်၏ နိဒါန်းတွင် ဗုဒ္ဓသည် သာဝတ္တိမြို့ တွင် သီတင်းသုံးနေတော်မူစဉ် တစ်နေ့ တာ မည်သို့  ကုန်လွန်စေပုံကို ဖော်ပြထား၏။

တနေ့ သော နံနက်စောစောတွင် ဗုဒ္ဓသည် သင်းပိုင်ကိုပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် မြို့ တွင်းသို့  ဆွမ်းအလို့ ငှာ ကြွသွား၏။ ထိုအခါ ရဟန်းတို့ သည် အရှင်အာနန္ဒာအား ဘုရားရှင်၏ တရားစကားကို မိမိတို့  မကြားနာရသည်မှာ ကြာပြီဖြစ်၍ ကြားနာလို ကြောင်း လျှောက်ကြ၏။ အရှင်အာနန္ဒာက ရဟန်းတို့ အား ဒမ္မကပုဏ္ဏား၏ ကျောင်းသင်္ခမ်းသို့ သွား၍ နေကြရန်ပြော၏။ ရဟန်းတို့ သည် ထိုကျောင်းသို့ သွားကြ၏။ ဗုဒ္ဓသည် ဆွမ်းစားပြီးလျှင် အရှင်အာနန္ဒာကိုခေါ်၍ ပုဗ္ဗာရုံကျောင်းသို့ ကြွသွားတော်မူ၏။ ထိုကျောင်းတွင် တစ်နေကုန် နေတော်မူပြီးသော အရှင်အာနန္ဒာနှင့်အတူ ရေချိုးဆိပ်သို့  ကြွသွား၍ရေသပ္ပာယ်တော်မူ၏။ ရေသပ္ပာယ်ပြီးသောအခါ အရှင်အာနန္ဒာက ဘုရားရှင်အား ဒမ္မကပုဏ္ဏား၏ကျောင်းသို့  ကြွတော်မူရန် ပန်ကြား၏။ ဗုဒ္ဓသည် ထိုကျောင်းသို့  ကြွသွား၏။

ရဟန်းတို့ သည် တရားစကားဖြင့် စည်းဝေးနေကြ၏။ ဗုဒ္ဓသည် တံခါးမုခ် အပြင်ဘက်တွင်ရပ်လျှက် စကားအဆုံးကိုဆိုင်းငံ့နေတော်မူ၏။ စကားဆုံးလတ်သော် ချောင်းဟန့် ၍ တခါးရွက်ကို ခေါက်၏။ ရဟန်းတို့ က တံခါးကိုဖွင့်၍ ဗုဒ္ဓသည် ခင်းထားအပ်သောနေရာတွင် ထိုင်ပြီးလျှင် “ရဟန်းတို့ ၊ ယခု ငါဘုရား ကြွလာသောအခါ အဘယ်စကားဖြင့် သင်တို့ စည်းဝေး၍ ဟောပြောနေကြကုန်သနည်း” ဟု မေး၏။ ရဟန်းတို့ က မြတ်စွာဘုရားအကြောင်းကို ပြောဆိုနေကြပါသည်ဟု လျှောက်ထားကြသော် ဗုဒ္ဓသည် မိမိ ဘုရားမဖြစ်မီက ကြုံတွေ့ ခဲ့ရပုံများကို ပြောပြလို၍ အရိယပရိယေသနသုတ်ကို ဟောတော်မူ၏။

ထိုတရားပွဲများတွင် တခါတရံ ရဟန်းတပါးသည် နေရာမှထ၍ လက်အုပ်ချီကာ ဗုဒ္ဓား အခွင့်ပန်ကြားပြီးနောက် မိမိသိလိုသော အချက်ကို မေးလျှောက်လေ့ရှိ၏။ တရားပွဲများသည် အတော်ညဥ့်နက်မှ ပြီးဆုံး၏။ ဘုရားရှင် ပင်ပန်းညောင်းညာသောအခါ အရှင်အာနန္ဒာ၊ အရှင်သာရိပုတ္တရာစသော တပည့်မထေရ်ကြီးများက ဆက်လက်၍ ဟောပြောကြ၏။

ဗုဒ္ဓနှင့် ရဟန်းသံဃာတို့ ၏ စည်းဝေးပွဲများသည် အလွန်တိတ်ဆိတ်သော စည်းဝေးပွဲများဖြစ်၏။ သာမညဖလသုတ်တွင် အဇာတသတ်မင်းသည် ဘုရားရှင်အားဖူးမြှော်ရန် ဆရာဇီဝကနှင့်အတူ ကျောင်းတော်သို့ သွား၏။ အချိန်ကား ညချမ်းအချိန်ဖြစ်၏။ ဘုရင်သည် ကျောင်းအနီးသို့ ရောက်သောအခါ ကြက်သီးမွေးညင်းထ၍ ထိတ်လန့် သွား၏။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ဗုဒ္ဓသည် ရဟန်းသံဃာ ၁၅၀၀ နှင့်အတူ ကျောင်းတိုက်ထဲတွင် သီတင်းသုံးနေတော်မူသော်လည်း ချောင်းဆိုသံ၊ ချေသံ တစ်ချက်မျှမကြားရပဲ အလွန်တိတ်ဆိတ်နေသောကြောင့်ဖြစ်၏။ ဇီဝကက အားပေးနှစ်သိမ့်မှ အဇာတသတ်မင်းသည် ကြောက်စိတ်ပြေ၍ ကျောင်းထဲသို့ ဝင်ပြီးနောက် ဗုဒ္ဓကို ဖူးမြော်လေသည်။

ဗုဒ္ဓသည် တိတ်ဆိတ်မှုကို နှစ်သက်၏။ တစ်ခါတစ်ရံ ဆွမ်းစားပြီးလျှင် တော်ထဲသို့ ကြွသွား၍ သစ်ပင်များအောက်တွင် နေတော်မူလေ့ရှိ၏။ ရဟန်းတို့ အား စကားပြောလျှင် တရားစကားကို သာပြောကြရန်၊ သို့ မဟုတ် ဆိတ်ဆိတ်နေရန် မကြခဏ သတိပေး၏။ တခါသော် ဗုဒ္ဓကိုဖူးမြှောက်ရန် ရောက်လာကြသော ရဟန်းတို့ သည် အချင်းအချင်း အော်ဟစ်ပြောဆို၍ ဆူညံလှသဖြင့် ကျောင်းမှ နှင်ထုတ်ခံကြရ၏။ (မဇ္ဇိမ နိကာယ် ၊ စာတုမသုတ်)။ တိတ်ဆိတ်မှုကို ဗုဒ္ဓ နှစ်သက်ကြောင်း လူအများသိကြ၏။ ပရိဗိုဇ်တို့ သည် ဆူညံစွာ စကားပြောနေကြစဉ် အဝေးမှလာသော ဗုဒ္ဓ၀ါဒီတစ်ဦးကိုမြင်သော် အချင်းတို့ အသံမပြုကြကုန်လင့်၊ ဗုဒ္ဓ၏ တပည့်သည် လာနေ၏။ သူတို့သည် တိတ်ဆိတ်မှုကို နှစ်သက်၏ဟု အချင်းအချင်း သတိပေး၍ ဆိတ်ဆိတ်နေကြ၏။ (အင်္ဂုတ္တရ-ကိံဒိဠိကသုတ်)

ဗုဒ္ဓ၏ ရုပ်သွင်ပြင် လက္ခဏာကို ယခုခေတ် လူတို့ စိတ်ကူးဖြင့် ခန့် မှန်းကြည့်ရန် ခဲယဉ်း၏။ အဘယ်ကြောင့်ဆိုသော် ရှေးအကျဆုံး ဗုဒ္ဓရုပ်ဆင်းတုများသည် ဂရိ(ခေါမ) လက်ရားများကို အခြေပြုထား၍ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးသည့်နောက် နှစ်ပေါင်းအတော်ကြာသည့် တိုင်အောင် ဗုဒ္ဓရုပ်တုများ ထုလုပ်ကိုးကွယ်သော အလေ့အထ မရှိခဲ့ချေ။ အင်္ဂလိပ်ပညာရှင် ဆာချားစအဲလီး၏ ထင်မြင်ချက်ကို ဖော်ပြရမည်ဆိုသော် “သူတော်သူမြတ်အသွင် ပြထားသော ဗုဒ္ဓ၏ ရုပ်လက္ခဏာသွင်ပြင်ကို အမှန်အတိုင်း စိတ်ထဲတွင် မြင်လာနိုင်လိမ့်မည်ဟု ကျွန်ုပ် မထင်ပါ။ အိန္ဒိယပြည် ဘားနတ်အရပ်တွင် တွေ့ ရသော လုလင်ပျိုအသွင် ထုလုပ်ထားသည့် ဗုဒ္ဓရုပ်ထုမားသည်သာလျှင် ဗုဒ္ဓ၏ နဂိုဥပဓိရုပ်ကို အတော်အတန်မှန်ကန်စွာ ဖော်ပြထားသည်ဟု ကျွန်ုပ်ထင်ပါသည်။ ထိုရုပ်ထုများသည် ဂေါတမဗုဒ္ဓ၏ ရုပ်အင်္ဂါလက္ခဏာများကို တိကျမှန်ကန်စွာ ဖော်ပြထားသည်ဟု မဆိုနိုင်စေကာမူ သန်မာတောင်တင်းသော ကိုယ်လုံးကိုယ်ပေါက်နှင် အာဇာနည်စိတ်ဓာတ်ရှိသော နိပေါမင်းသားပျို၏ ရုပ်လက္ခဏာ ပေါ်ထင်လျက် ရှိပါသည်။ ဂေါတမသည် ဗုဒ္ဓ သို့မဟုတ် စကြ၀တေးမင်းဖြစ်ရန် ဇာတာပါသည်ဆိုသော စကားမှ ယုတ္တရှိ၏။ အကယ်၍ သူသည် ရဟန်းမပြုခဲ့ပါက နာမည်ကျော် စစ်သူကြီးဖြစ်မည် အမှန်ဖြစ်၏။”

ဗုဒ္ဓသည် ကျန်းမာတောင်တင်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ပိဋ္ဋိကတ်စာပေတွင် ထင်ရှား၏။ ဘုရားမဖြစ်မီက ခြောက်နှစ်တိုင်တိုင် ပြင်းထန်သောအကျင့်ကို ဆင်းရဲငြိုငြင်စွာ ကျင့်နိုင်ခဲ့ခြင်း၊ အသက် ၈၀ အထိ တစ်နေရာမှ တစ်နေရာသို့  ခြေလျင်ခရီးလှည့်လည်၍ တရားဟောပြောခြင်း၊ အိုမင်းသောအရွယ်တွင်ရောဂါဝေဒနာအပြင်းအထန် ခံစားရပြီးသည့်နောက်ပင် မိုင်ပေါင်းများစွာဝေးသော ကုသိနာရုံသို့  ခြေလျင်ကြွသွားခြင်း စသည်တို့ ကို ထောက်ချင့်၍ ဗုဒ္ဓသည် ကိုယ်ခန္ဓာ အထူးကြံ့ခိုင်တောင့်တင်းကြောင်း ယုံမှားဖွယ်ရာ မရှိချေ။

ထိုမျှ ထူးထူးခြားခြား ကိုယ်လက်ကျန်းမာတောင့်တင်းမှုသည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်၏။ ဗုဒ္ဓသည် အစားသောက်တွင် မယုတ်မလွန် ခြိုးခြံ၏။ ” ရဟန်းတို့ ၊ ငါသည် ညစာမစားသောကြောင့် ကျန်းမာ၍ အနာရောဂါကင်း၏၊ ကိုယ်လက်ကြံ့ခိုင်၍ ချမ်းသာစွာနေရ၏၊” (မဇ္ဇိမနိကာယ်၊ ကိဋ္ဋာဂီရိသုတ်)။ လောကတွင် ကျန်းမာ၍ အသက်ရှည်သောသူတို့ သည် အများအားဖြင့် ဘ၀ရည်ရွယ်ချက် တစ်ခုခုရှိ၍ မနားမနေ အလုပ်လုပ်သောသူများ ဖြစ်၏။ ဗုဒ္ဓသည် လူသတ္တ၀ါတို့ ကို သံသရာဝဋ္ဋ်ဆင်းရဲ မှ ကယ်ချွတ်ရန် ရည်ရွယ်၍ ပရိနိဗ္ဗာန်ပြုခါနီးသောအခါတွင်ပင် သုဘဒ်ရဟန်းအား ဟောပြောဆုံးမတော်မူခဲ့သေးသည် မဟုတ်ပါလော။

ဗုဒ္ဓအား အထူးကျန်မာ အသက်ရှည်စေသော အဓိကအကြောင်းအရာမှာ ကိလေသာမီးအားလုံး ငြိမ်းသတ်ပြီး၍ ထာဝရ စိတ်ငြိမ်းချမ်းမှုဖြစ်၏။ တခါသော် ဗုဒ္ဓသည် အာဠ၀ီပြည် နွားတို့ သွားရာဖြစ်သော လမ်းနံဘေးရှိ ရင်းတိုက်တောအတွင်း သစ်ရွက်အခင်းနှင့် သီတင်းသုံးနေတော်မူ၏။ ဟတ္တားအာဠ၀က မင်းသားသည် လှည့်လည်သွားလာရင်း ဗုဒ္ဓကိုမြင်လေသော် အနီးသို့  ချဉ်းကပ်ပြီးလျှင် “မြတ်စွာဘုရား၊ အရှင်ဘုရားသည် ချမ်းသာစွာ အိပ်စက်တော် မူရပါ၏လော” ဟု မေးလျှောက်၏။ ဗုဒ္ဓက “မင်းသား၊ ငါသည် ချမ်းသာစွာ အိပ်ရပေသည်” ဟုပြန်ပြော၏။

ထိုအခါ မင်းသားသည် များစွာအံ့အြ၍ “အရှင်ဘုရား၊ ယုခုအချိန်သည် ဆောင်းဥတုဖြစ်၍ အလွန်အေးချမ်းလှပါ၏။ မြေသည် နွားခွာရာတို့ဖြင့် ကြမ်းတမ်းလှပါ၏။ သစ်ရွက်အခင်းသည် ပါးလွန်းလှပါ၏။ သစ်ပင်မှ သစ်ရွက်တို့ သည် ကျဲရဲရဲ ရှိကြပါကုန်၏။ အရပ်လေးမျက်နှာမှ အေးမြသောလေတိုက်ခတ်နေ၍ ဆီးနှင်းတို့ သည် တဖွဲဖွဲကျလျက်ရှိပါ၏။ သို့ ဖြစ်ပါလျက် ငါသည် ချမ်းသာစွာ အိပ်ရသည်ဟု အရှင်ဘုရားမိန့် တော်မူဘိ၏” ဟုလျှောက်၏။ ထိုအခါ ဗုဒ္ဓက လောကတွင် ကာမဂုဏ်ခံစား၍ နူးညံ့သောနေရာ အိပ်ရာတွင် အိပ်ရသော်လည်း ကိလေသာမီး တောက်လောင်နေသောသူသည် ချမ်းသာစွာ အိပ်ရမည်မဟုတ်ကြောင်း၊ မိမိမှာ ကိလေသာရာဂမီး ပယ်သတ်ပြီးပြီးဖြစ်၍ မည်သည့်နေရာမျိုးတွင်မဆို ချမ်းသာစွာ အိပ်စက်ရကြောင်း မိန့် တော်မူလေသည်။ (အဂုင်္တ္တရနိကာယ်၊ တိကဒဟတ္တာဠ၀ကသုတ်)

ဗုဒ္ဓ၏ စိတ်ငြိမ်းအေးချမ်းသာမှုသည် ရုပ်လက္ခဏာအဆင်းသဏ္ဍာန်တွင် အမြဲထင်ဟပ်ပေါ်လွင်နေမည်ဖြစ်၏။ သို့ ဖြစ်၍ ဗုဒ္ဓကို ပထမအကြိမ်တွေ့ မြင်ရသော ဥပက တက္ကတွန်းက “ငါရှင်၊ သင်သည် မည်သူဖြစ်သနည်း၊ သင်၏ အိနြေ္ဒတို့ သည် ကြည်လင်လှ၏ ၊ အရေအဆင်းသည် စင်ကြယ်၍ ပြိုးပြိုးပြက်ပြက်ရှိ၏ ” ဟု ဆို၏။ ဗုဒ္ဓကို ဆေးဖော်ကြောဖက် မလုပ်ဘဲနေရန်ဆုံးဖြတ်ထားသော ပဉ္စ၀ဂ္ဂီငါးဦးသည် ဗုဒ္ဓကိုမြင်ရုံနှင့်ပင် မိမိတို့ ၏ ဆုံးဖြတ်ချက်ကို မေ့လျော့၍ ခရီးဦးကြို ပြုကြ၏။

ဗုဒ္ဓ၏ တင့်တယ်ခန့် ညားသော ဥပဓိရုပ်ကြောင့် တစ်ကြိမ်မြင်ကာမျှနှင့် ကြည်ညိုသောသူများ ရှိသည်နည်းတူ ဗုဒ္ဓ၏ သီလဂုဏ်၊ သမာဓိဂုဏ်သတင်းကို ကြားကာမျှနှင့် ကြည်ညိုသောသူများမှာလည်း မနည်းလှချေ။ ပေါက္ခရသာတီ၊ သောဏဒန္တ စသော အလွန်ဇာတ်ကြီး၊ မာနကြီးသည့် ဗြဟ္မာဏခေါင်းဆောင်တို့ သည်ပင် ဗုဒ္ဓ၏ ဂုဏ်သတင်းကို ကြားရုံမျှနှင့် သွားရောက် ဖူးတွေ့ လိုသော ဆန္ဒဖြစ်ပေါ်လာကြ၏။ ပါဠိပိဋ္ဋကတ်၌ ဗုဒ္ဓအား အထူးလှိုက်လှိုက်လှဲလှဲ ကြည်ညိုသော ပုဂ္ဂိုလ်နှစ်ဦးမှာ ဗြဟ္မာယုအမည်ရှိ ဇာတ်ကြီး ဗြဟ္မာဏတစ်ဦးနှင့် ပသေနဒီကောသလမင်းတို့ ဖြစ်၏။ သူတို့ သည် ဗုဒ္ဓထံ သို့ လာ၍ ဖူးမြော်သောအခါ၌ ဗုဒ္ဓ၏ ခြေတို့ ကို လက်ဖြင့် ဆုပ်နယ်ပွတ်သပ်၍ ပါးစပ်ဖြင့် အထပ်ထပ် နမ်းရှုပ်ကြလေသည်။ (မဇ္ဇိမနိကာယ်၊ ဗြဟ္မာယုသုတ်နှင့် ဓမ္မ စေတီယသုတ်)

ကောသလမင်းသည် ဓမ္မစေတီယသုတ်၌ ဗုဒ္ဓကို လူတို့ မည်မျှကြည်ညိုလေးစားကြောင်း လျှောက်ကြား၏။ ဗုဒ္ဓ၏တရားပွဲ၌ တရားနာပရိသတ်မှာ ဗုဒ္ဓကို အလွန်လေးစား၍ တိတ်ဆိတ်စွာ တရားနာကြားသောကြောင့် တစ်စုံတယောက်ချောင်းဟန့် သံ၊ တံတွေးထွေးသံကို ဘယ်အခါမျှ မကြားရပါ။ တခါသော် မိမိသည် မှူးမတ်ဗိုလ်ပါများနှင့် ခရီးထွက်သွား၍ ညစခန်းချသောအခါ က္ကုသိဒတ္တ နှင့် ပုရာဏအမည်ရှိ အမတ်ကြီးနှစ်ဦးသည် မိမိတို့ ၏ အရှင်သခင် ဘုရင်ရှိရာဘက်ကိုခြေပြု၍ ဗုဒ္ဓရှိရာအရပ်ကိုကား ခေါင်းပြုလျက် အိပ်ကြပါသည်ဟု လျှောက်ထား၏။

ပရိဗိုလ်တစ်ဦးကလည်း ရဟန်းဂေါတမသည် အရာမကများစွာသော ပရိသတ်အား တရားဟောနေစဉ် တစ်စုံတယောက်သောသူမျှ ချေဆတ်ခြင်း၊ ချောင်းဟန့် ခြင်း မပြုပဲ ရိုသေစွာ တရားကြားနာကြပါသည်။ သိက္ခာချ၍ လူထွက်ကုန်သောတပည့်တို့ သည် ရဟန်းဂေါတမ၏ ဂုဏ်ကျေးဇူးကို သာလျှင်ဆိုလေ့ရှိသည်။ သူတပါးကို မကဲ့ရဲ့ ပဲ မိမိတို့  ကိုယ်ကိုသာ ကဲ့ရဲ့ ကြပါသည် ဆို၏။ (မဇ္ဖိမနိကာယ်၊ မဟာသကုလုဒါယီသုတ်)

ဤသို့ များစွာသော လူတို့ ၏ ကြည့်ညိုလေးစားခြင်းကိုခံရသော်လည်း ဗုဒ္ဓသည် မိမိအား လွန်လွန်ကဲကဲ ပုဂ္ဂိုလ်စွဲကြည်ညိုမှုကို လုံးဝမလိုလားချေ။ မိမိအား အလွန်အမင်းကြည်ညိုသော ၀က္ကလိရဟန်းအား မိန့် ကြားချက်သည် ရှင်လင်းပြတ်သား၏။ “၀က္ကလိ၊ ဤအပုပ်ကောင်ကို ဖူးမြင်ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း။ ၀က္ကလိ၊ တရားကိုမြင်သောသူသည် ငါဘုရားကို မြင်သည်မည်၏။ ” (သံယုတ္တနိကာယ်၊ ခန္ဓသံယုတ်၊ ၀က္ကလိသုတ်)

စင်စစ်ဗုဒ္ဓသည် ကမ္ဘာ့သမိုင်း၌ အာဏာရှင်၊ နိုင်ငံရေး ဘာသာရေးခေါင်းဆောင်များ အားပေးလေ့ရှိသော ပုဂ္ဂိုလ်ကိုးကွယ်မှုကို အတိအလင်း ဆန့် ကျင်သည့် ရှေးဦးပထမ ပုဂ္ဂိုလ်ဖြစ်သည်ဆိုက မှားမည်မဟုတ်ချေ။ ဤအကြောင်းနှင့်ပတ်သတ်သော ဗုဒ္ဓမိန့် ကြားချက်များကို ရှေ့၌ဆိုပြပါအံ့။

ဗုဒ္ဓသည် မိမိအား အလွန်အမင်း ချီးကျုးပူဇော်မှုကိုလည်း မနှစ်သက်ချေ။ တခါသော် ဗောဓိမင်းသားသည် ဗုဒ္ဓအား နန်းတော်သို့ ဆွမ်းစားရန် ပင့်ဖိတ်၍ ဗုဒ္ဓ ကြွလာမည့်လမ်း၌ အဖိုးတန် ကမ္ဗလာပုဆိုးဖြူကို ခင်းထား၏။ ဗုဒ္ဓသည် ကြွလာ၍ ပုဆိုးဖြူခင်းထားသည်ကို မြင်သော် ရှေ့ ဆက်မသွားပဲ ရပ်တန့် ၍နေ၏။ မင်းသားက ပုဆိုးဖြူကိုအခင်းအားလုံးကို ရုပ်သိမ်းပြီးသောအခါမှ နန်းတွင်းသို့  ၀င်တော်မူ၏။ (မဇ္ဇိမနိကာယ်၊ ဗောဓိရာဇကုမာရသုတ်)

လူအများ၏ ချီးကျူးပူဇော်ခြင်း ခံရသော်လည်း တစ်ခါတစ်ရံ ဗုဒ္ဓသည် မိမိကိုယ်ကို နှိမ့်ချ၍ ပြောလေ့ရှိ၏။ ပရဗိုဇ်တစ်ဦးက ဗုဒ္ဓသည် အစစအရာရာ၌ ခြိုးခြံစွာ ကျင့်နိုင်ပါပေသည်ဟု ချီးကျူး၏။ ထိုအခါ ဗုဒ္ဓက မိမိ၏ ခြိုးခြံမှုမှာ အချို့ သော တပည့်ရဟန်းတို ၏ ခြိုးခြံစွာကျင့်မှုနှင့်စာသော် ဘာမျှမပြောပလောက်ပါ။ ထိုတပည့် ရဟန်းတို့ က မိမိထက်သာလွန်၍ ခြိုးခြံစွာ နေထိုင်စားသောက်ကြပါသည်ဟု မိန့် ကြား၏။ (မဇ္ဇိမနိကာယ်၊ မဟာသကုလုဒါယီသုတ်)
တစ်နေ့ သောညနေချမ်း၌ ဗုဒ္ဓသည် ရဟန်းများနှင့်အတူ ထိုင်လျက်ရှိစဉ် “ရဟန်းတို့ ၊ သင်တို့ သည် အကယ်၍ ငါ၌ ကိုယ်နှင့် နှုတ်နှင့် စပ်သော အပြစ်တစုံတရာတွေ့ မြင်ခဲ့ပါက ငါအား လျှောက်ထားကြကုန်လော့” ဟု မိန့် တော်မူ၏။ (သဂါထာသဂ္ဂသံယုတ်၊ ၀ င်္ဂီသသုတ်)

ပိဋကတ်စာပေ၌ ဗုဒ္ဓ၏ စိတ်သဘောထားမြင့်မြတ်မှု၊ သနားကြင်နာမှု၊ ထောက်ထားစာနာမှုစသော ဂုဏ်များကိုအထူး ပေါ်လွင်ထင်ရှားစေသော ပါဠိတော်မှာ ဒိဃနိကာယ်မှ မဟာ ပရိနိဗ္ဗာနသုတ်ဖြစ်၏၊ ဤနေရာ၌ ဗုဒ္ဓ၏ စိတ်ဓာတ်မြင့်မြတ်မှုကို ထင်ဟပ်နေသော နောက်ဆုံးမိန့် ကြားချက်များကို ဖော်ပြပါအံ့။

ဗုဒ္ဓသည် ရွှေပန်းထိမ်သည်သား စုန္ဒ၏ ၀က်သားဟင်းကို ဘုဉ်းပေးပြီးနောက် ၀မ်းသွေးသွန်ရောဂါ အပြင်းအထန် ခံစားရ၏။ သို့ ရာတွင် စုန္ဒအား စိတ်မကောင်းမဖြစ်စေလိုသောကြောင့် ဘုရားရှင် နောက်ဆုံးဘုဉ်းပေးသောဆွမ်းသည် အခြားဆွမ်းတို့ ထက် အကျိုးအာနိသင် ကြီးမားသည်ဟု ဘုရားရှင်၏ မျက်မှောက်မှ ကြားလိုက်ရကြောင်း ပြောပြ၍ စုန္ဒ၏ နှလုံးမသာခြင်းကို ဖြေဖျောက်ရန် အရှင်အာနန္ဒာအား မှာကြားတော်မူခဲ့၏။

အရှင်အာနန္ဒာက ဗုဒ္ဓသည် ပရိနိဗ္ဗာန် မစံဝင်မီ တပည့်သံဃာတို့ အတွက် တစ်စုံတစ်ရာ မှာကြားတော်မူခဲ့လိမ့်မည်ဟု မိမိ ယုံကြည်ပါကြောင်း လျှောက်ထား၏။ ထိုအခါ ဗုဒ္ဓမိန့် ကြားသော စကားမှာ အောက်ပါအတိုင်းဖြစ်၏။

“အာနန္ဒာ၊ ငါဘုရားအား သင်တို့ အဘယ်ကြောင့် ဤမျှလောက် တောင့်တနေ ဘိသနည်း။ ငါသည် တရားဓမ္မကို အကြွင်းမဲ့ ဟောကြားခဲ့ပေပြီ။ သင်တိုသည် ငါ၏ နောက်လိုက်ဖြစ်သည်၊ ငါသည် သင်တို့ ၏ ခေါင်းဆောင်ဖြစ်သည်ဟု ငါမယူဆခဲ့ချေ။ အာနန္ဒာ၊ ငါသည် ယခု အိုမင်း၍ ဘ၀ခရီး၏ အဆုံးပိုင်းသို့ ရောက်ရှိနေပေပြီ၊ ထို့ ကြောင့် သင်တို့ သည် မိမိကိုယ်သာ မှီခိုကိုးကွယ်ရာပြု၍ နေကြကုန်လော့။ တရားမှတပါး မှီခိုကိုးကွယ်ရာမရှိဘဲ တရားသာလျင် မှီခို ကိုးကွယ်ရာ ရှိသည်ဖြစ်၍ နေကြကုန်လော “

တစ်နေရာ၍ အရှင်သာရိပုတ္တရာက သဗ္ဗညုတဉာဏ်အရာ၌ မြတ်စွာဘုရားထက် သာလွန်၍သိသော သမဏဗြာဟ္မဏသည် ရှေးကမရှိခဲ့၊ နောင်ရှိမည်လည်း မဟုတ်၊ ယခုလည်းမရှိဟု ကျွနိုပ် ယုံကြည်ပါသည်ဟု လျှောက်၏။ ထိုအခါ ဗုဒ္ဓက ” သာရိပုတ္တရာ၊ သင်သည် ပွင့်ပြီး၊ ပွင့်ဆဲ၊ ပွင့်လတ္တံ့ သော ဘုရားရှင်တို့ ၏ စိတ်ကို သင်၏ ညဏ်ဖြင့် ပိုင်းခြား၍ မသိပါဘဲလျက် အဘယ်ကြောင့် ဤသို့ ကြီးကျယ် ခန့်ညားလှသော၊ တိကျလှသော စကားကို ဆိုဘိသနည်း” ဟု မိန့် တော်မူ၏။

ကုသိနာရုံဥယျာဉ်၌ ပရိနိဗ္ဗာန်စံဝင်ခါနီးတွင် နတ်ဗြဟ္မာများစွာတို့ သည် လာရောက်၍ ဗုဒ္ဓအား ပူဇော်ကြ၏။ ထိုအခါ ဗုဒ္ဓက “အာနန္ဒာ၊ နတ်ဗြဟ္မာတို့ သည် ဤသို့ ပူဇော်ကာမျှဖြင့် ငါဘုရားအား မြတ်နိုးသည် မမည်သေး၊ အကြင်ဥပါသကာ ဥပါသိကာမ တို့ သည်လည်းကောင်း၊ ရဟန်းယောင်္ကျား၊ ရဟန်းမိန်းမတို့ သည် လည်းကောင်း ငါဟောကြားအပ်သောတရားနှင့်အညီ ကျင်ကြံနေထိုင်ကြ၏။ ထိုသူတို့သည်သာလျင် ငါဘုရားကို ချစ်ကြည်မြတ်နိုး ရှိခိုးပူဇော်ကြသည်မည်၏” ဟု မိန့် တော်မူသည်။ အရှင်အာနန္ဒာက “အရှင်ဘုရား၊ ကိုယ်တော်မြတ်နိဗ္ဗာန်လားခဲ့သော် အလောင်းတော်အား ကျွန်ုပ်တို့  ပြုဖွယ်ကိစ္စကို အဘယ်သို့  ပြုရပါအံ့နည်း ” ဟု မေးလျှောက်၏။ ထိုအခါ ဗုဒ္ဓက ” အာနန္ဒာ ၊ ငါဘုရား၏ အလောင်းတော်ကို မီးပူဇော်ခြင်းစသည်တို့ ၌ သင်တို့  မကြောင့်ကြကုန်လင့်။ မိမိ၏ အစီးအပွားဖြစ်သော အရဟတ္တဖိုလ်ရခြင်းငှာသာ များစွာလုံ့ လပြုကြကုန်လော ” ဟု မိန့် တော်မူ၏။

ပရိနိဗ္ဗာန် စံဝင်ခါနီး၌ ဗုဒ္ဓသည် အရှင်အာနန္ဒာအား “အာနန္ဒာ၊ ငါ၏ တပည့် ရဟန်းသံဃာတို့ သည် ငါ ပရိနိဗ္ဗာန်စံဝင်သောအခါ ငါဘုရားမရှိပြီ၊ ငါလွန်ပြီဟု ထင်မှတ်ကြပေလိမ့်မည်။ ထိုသို့  မထင်မှတ်သင့်။ ငါဟောသောတရားသည် ငါလွန်သောအခါ သင်တို့ ဆရာဖြစ်လတ္တံ့ ။ ထို့ ကြောင့် ငါလွန်သောအခါ ငါရှိသည် ဟုသာ ကောင်းစွာမှတ်အပ်၏” ဟု မိန့် ကြား၍ ရဟန်းတို့ အား မိမိ၏ တရား၍ တစ်စုံတစ်ရာယုံမှားရှိလျှင် မိမိမလွန်မီ မေးလျှောက်ကြရန်၊ သတိပေး၏။ သို့ ရာတွင် ရဟန်းတို့ က မည်သို မျှ မမေးလျှောက်ကြချေ။ ထို့နောက် ဗုဒ္ဓသည် “ရဟန်းတို့ ၊ သင်္ခါရတရားတို့ သည်ပျက်စီးတက်သော သဘောရှိကြကုန်၏။ သင်တို့ သည် မမေ့မလျော့သော သတိဖြင့် ကျင့်ကြံအားထုတ် ကြကုန်လော” ဟုနောက်ဆုံး မိန့် ကြားပြီးလျှင် ပရိနိဗ္ဗာန်ပြုတော်မူ၏။

ဗုဒ္ဓ၏ နောက်ဆုံးဘ၀ ဖြစ်စဉ်များကို ဖော်ပြသော မဟာပရိနိဗ္ဗာနသုတ်သည် အခြားသုတ်များထက် ရှည်လျှား၍ အလွန်ထူးခြား မှတ်သားဖွယ်ကောင်းသောသုတ်ဖြစ်၏။ လောက၌ နဂိုမူလက စိတ်ကောင်းနှလုံးကောင်းရှိသော သူတို့ သည်ပင် အိုမင်းသောအရွယ်၌ ကျန်းမာရေး များစွာယိုယွင်းပျက်ပြားမှု မရှိစေကာမူ အများအားဖြင့် စိတ်ဓာတ်ယိုယွင်း ဆုတ်ယုတ်လာကြ၏။ ငါစွဲကြီးမား၍ သူတပါးအပေါ် ဆရာလုပ်လိုခြင်း၊ သူတပါးကို အပြစ်မြင်၊ အထင်သေးခြင်း၊ စာနာထောက်ထားမှု မရှိခြင်း သူတပါး၏ ဂရုစိုက်မြှောက်စားမှုကို လိုလားခြင်း၊ စသော စရိုက်လက္ခဏာများကို ပြတက်ကြ၏။ ဗုဒ္ဓသည်ကား ရောဂါဝေဒနာ ခံစားရ၍ မကျန်းမမာဖြစ်နေသော အသက် ၈၀ အရွယ်၌ပင် မိမိအား အကြောင်းပြု၍ သူတစ်ပါး စိတ်မကောင်းမဖြစ် စေလိုခြင်း၊ သူတစ်ပါးကို အထင်အမြင်မသေးစေလိုခြင်း၊ (အရှင်သာရိပုတ္တရာအား မိန့် ကြားချက်) ပုဂ္ဂိုလ်ကိုးကွယ်မှု မဖြစ်စေလိုခြင်း၊ စသောလက္ခဏာများဖြင့် မြင့်မားသော အာဇာနည်စိတ်ဓာတ်ကို အထင်အရှား ပြသတော်မူခဲ့ပေသည်။

သို့ ဖြစ်၍ ခရစ်ယာန်ဘာသာဝင် ပညာရှင်တစ်ဦးက မဟာပရိနိဗ္ဗာနသုတ်မှာ ကမ္ဘာ့စာပေ၌ အခံ့ညားဆုံး စိတ်အား တက်ကြွဖွယ်အကောင်းဆုံးစာပေတစ်ခု ဖြစ်ပါပေသည် (၁) ဟု ရေးသားခဲ့၏။ စင်စစ် မဟာပရိနိဗ္ဗာနသုတ်၌ ဗုဒ္ဓသည် နှောင်းလူတို့ က လွန်ကဲသော သဒ္ဒါယုံကြည်စိတ်ဖြင့် ဖန်တီးထားသော အနန္တဘုန်းတော်ရှင် မဟုတ်တော့ပဲ အလွန် စိတ်ဓာတ်မြင့်မြတ်၍ကြည်ညိုဖွယ်ကောင်းသော ကမ္ဘာ့ စံပြ အာဇာနည်ပုဂ္ဂိုလ်သူမြတ်အဖြစ် ပေါ်လွင်ထင်ရှားလျက် ရှိပေသည်။

(၁) Bryan de Krester, “Man in Buddhism and Christianity’ P-67
——————————————————————————————————————————-

စိတ်ထဲထွေနေတာနဲ့ ခြောက်ကပ်ကပ်စာအုပ်စင်ပေါ်က မြန်မာကနေယူလာခဲ့တဲ့ ဦးအေးမောင်(ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒကျမ်းပြု) ရေးသားတဲ့ ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ၏ ထူးခြားချက်များ ကို ဖတ်ရင်းနဲ့  တခါတည်းရိုက်ပြီး တင်လိုက်တယ်။ အားလုံး ဆရာကြီးရေးထားတဲ့ အတိုင်းပါပဲ။ တချို့စာလုံးပေါင်းမှားနေတာကလွဲရင် (မရိုက်တတ်လို့ )။ ဒါက အခန်း (၁) ပါ။

နတ်ဆိုး

ဓာရဏ ပရိတ်

နမော တဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ

၁။ ဗုဒ္ဓါနံ ဇီသိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ သဗ္ဗညုတညာဏဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ အဘိဟဋာနံ စတုန္နံ့ ပစ္စယာနံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ အသီတိယာနုဗျဉ္ဇ နာနံ ဗျာမပ္ပဘာယ ၀ါ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။

၂။ ဣမေသံ စတုန္နံ့ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာမေ ဟောတု။
အတိတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋ္ဋိဟတံ ဥာဏံ၊
အနာဂံတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋ္ဋိဟတံ ဥာဏံ ၊
ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋ္ဋိဟတံ ဥာဏံ။

၃။ ဣမိဟိ တိဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော
သဗ္ဗံကာယကမ္မံ ဥာဏပုဗ္ဗင်္ဂမံ ဥာဏာနု ပရိဝတ္တံ
သဗ္ဗံဝစီကမ္မံ ဥာဏပုဗ္ဗင်္ဂမံ ဥာဏာနု ပရိဝတ္တံ
သဗ္ဗံမနောကမ္မံ ဥာဏပုဗ္ဗင်္ဂမံ ဥာဏာနု ပရိဝတ္တံ။

၎။ ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော
နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊
နတ္ထိ ၀ိရိယဿ ဟာနိ၊ နတ္ထိ ၀ိပဿနာယ ဟာနိ၊
နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ၀ိမုတ္တိယာ ဟာနိ။

၅။ ဣမေဟိ ဒွါဒဿဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော
နတ္ထိ ဒ၀ါ၊ နတ္ထိ ရ၀ါ၊ နတ္ထိ အဖုဋ္ဋံ၊ နတ္ထိ ဝေဂါယိဝတ္တံ ၊
နတ္ထိ အဗျာဝဋ္ဋမနော၊ နတ္ထိ အပ္ပဋ္ဋိသင်္ခါ နုပက္ခာ ၊
ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော၊
နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

၆။ နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊
နတ္ထိ တထာဂတဿ ၀စီဒုစ္စရိတံ၊
နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ၊
နတ္ထိ အတိတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋ္ဋိဟတံ ဥာဏံ၊
နတ္ထိ အနာဂံတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋ္ဋိဟတံ ဥာဏံ ၊
နတ္ထိ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋ္ဋိဟတံ ဥာဏံ၊
နတ္ထိ သဗ္ဗံ ကာယကမ္မံ ဥာဏပုဗ္ဗင်္ဂမံ ဥာဏာနု ပရိဝတ္တံ
နတ္ထိ သဗ္ဗံဝစီကမ္မံ ဥာဏပုဗ္ဗင်္ဂမံ ဥာဏာနု ပရိဝတ္တံ
နတ္ထိ သဗ္ဗံ မနောကမ္မံ ဥာဏပုဗ္ဗင်္ဂမံ ဥာဏာနု ပရိဝတ္တံ။
ဣမံ ဓာရဏံ အမိတံ အသမံ သဗ္ဗသတ္တာနံ
တာဏံ လေဏံ သံသာရဘယဘိတာနံ အဂ္ဂံ မဟာတေဇံ။

၇။ ဣမံ အာနန္ဒ ဓာရဏပရိတ္တံ ဓာရေဟိ ၀ါရေဟိ ပရိပုစ္ဆာဟိ။
တဿ ကာယေ ၀ိသံ န ကေမယ်၊ ဥဒေက န လေဂၢယ်၊ အဂၢိ န ဍေဟယ်၊
နာနာဘယ၀ိကော၊ န ဧကာဟာရကော၊ န ဒွိဟာရကော၊ န တိဟာရကော၊ န စတုဟာရကော၊
န ဥမ္မတ္တကံ၊ န မူဠကံ၊ မနုေဿဟိ အမနုေဿဟိ န ဟိံသကာ။

၈။ တံ ဓာရန ပရိတ္တံ ယထာ ကတမေ၊ ဇာလော မဟာဇာလော၊ ဇာလိတ္တေ မဟာဇာလိတ္တေ၊
ပုဂ္ဂေ မဟာပုဂ္ဂေ၊ သမ္ပတ္တေ မဟာ သမ္ပတ္တေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။
ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ သတ္တ သတ္တတိသမ္မာသမ္ဗုဒ္ဓ ကောဋီဟိ ဘာသိတံ၊
ဝတ္တေ အ၀တ္တေ၊ ဂန္ဓဝေ အဂန္ဓဝေ၊ နောမေ အနောမေ၊ သေဝေ အသေဝေ၊
ကာယေ အကာယေ၊ ဓာရဏေ အဓာရဏေ၊ ဣလ္လိ မိလ္လိ၊ တိလ္လိ မိလ္လိ၊
ယောရုက္ခေ မဟာယောရုက္ခေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။

၉။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ န၀န၀ုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊
ဒိဋ္ဌိလာ ဒဏ္ဋိလာ မန္တိလာ ရောဂိလာ ခရလာ ဒုဗ္ဘိလာ။
ဧတေန သစ္စ၀ဇ္ဇေန သောတ္တိ မေ ဟောတု သဗ္ဗဒါ။


မြန်မာပြန်

၁။ ဗုဒ္ဓါနံ ၊ မြတ်ဘုရားတို့ ၏။ ဇီသိတဿ၊ အသက်၏။ အန္တရာယော၊ ဘေးအန္တရာယ်ကို။ ကေနစိ ၊ တစုံတယောက်သောသူသည်။ ကာတုံ၊ ပြုလုပ်ခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။ ဗုဒ္ဓါနံ ၊ မြတ်ဘုရားတို့ ၏။ သဗ္ဗညုတညာဏဿ၊ သဗ္ဗညုတဥာဏ်တော်၏။ အန္တရာယော၊ ဘေးအန္တရာယ်ကို။ ကေနစိ ၊ တစုံတယောက်သော သူသည်။ ကာတုံ၊ ပြုလုပ်ခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။ ဗုဒ္ဓါနံ ၊ မြတ်ဘုရားတို့ ၏။ အဘိဟဋာနံ၊ ရှေ့ ဆောင်ပြုအပ်သော။ စတုန္နံ့ ပစ္စယာနံ ၊ ပစ္စည်းလေးပါးတို့ ၏။ အန္တရာယော၊ ဘေးအန္တရာယ်ကို။ ကေနစိ ၊ တစုံတယောက်သောသူသည်။ ကာတုံ၊ ပြုလုပ်ခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။ ဗုဒ္ဓါနံ ၊ မြတ်ဘုရားတို့ ၏။ အသီတိယာနုဗျဉ္ဇ နာနံ ၊ ရှစ်ဆယ်သော လက္ခဏာတော်တို့ ၏ လည်းကောင်း ။ ဗျာမပ္ပဘာယ ၀ါ၊ တလံမျှသော ရောင်ခြည်တော်၏ လည်းကောင်း။ အန္တရာယော၊ ဘေးအန္တရာယ်ကို။ ကေနစိ ၊ တစုံတယောက်သောသူသည်။ ကာတုံ၊ ပြုလုပ်ခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။

၂။ ဣမေသံ စတုန္နံ့ ၊ ဤလေးပါးတို့ ၏။ အန္တရာယော၊ ဘေးအန္တရာယ်ကို။ ကေနစိ ၊ တစုံတယောက်သော သူသည်။ ကာတုံ၊ ပြုလုပ်ခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။ တထာ၊ ထို့ အတူ ။မေ ၊ အကျွန်ုပ်အား။ ဟောတု၊ ဖြစ်ပစေသတည်း။ ဘဂ၀တော ၊ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား ။ အတိတံသေ ၊လွန်လေပြီးသောအဖို့ ၌ ။ အပ္ပဋ္ဋိဟတံ ဥာဏံ၊ အဆီး အတား အပိတ်အပင် မရှိသော ဥာဏ်တော်သည်။ ဟောတိ၊ ဖြစ်၏။ ဘဂ၀တော ၊ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား ။ အနာဂတံသေ နောင်လာလတ္တံ သော အနာဂတ်အဖို့ ၌ ။ အပ္ပဋ္ဋိဟတံ ဥာဏံ၊ အဆီး အတား အပိတ်အပင် မရှိသော ဥာဏ်တော်သည်။ ဟောတိ၊ ဖြစ်၏။ ဘဂ၀တော ၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား ။ ပစ္စုပ္ပန္နံသေ ၊ ပစ္စုပ္ပန်မျက်မှောက်ဖြစ်သော အဖို့ ၌။ အပ္ပဋ္ဋိဟတံ ဥာဏံ၊ အဆီး အတား အပိတ်အပင် မရှိသော ဥာဏ်တော်သည်။ ဟောတိ၊ ဖြစ်၏။

၃။ တိဟိ ၊သုံးပါးကုန်သော။ ဣမိဟိ ဓမ္မေဟိ ၊ ဤကျေးဇူးတရာတော်တို့ နှင့်။ သမန္နာဂတဿ ၊ ပြည့်စုံတော်မူသော ။ ဘဂ၀တော ၊ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား ။ သဗ္ဗံ ၊အလုံးစုံသော။ ကာယကမ္မံ ၊ကိုယ်ဖြင့်ပြုအပ်သောအမှုသည်။ ဥာဏပုဗ္ဗင်္ဂမံ ၊ဥာဏ်တော်ပြဌာန်းခြင်းရှိသည်။ ဥာဏာနု ပရိဝတ္တံ၊ ဥာဏ်တော်၏ နောက် သို့  အစဉ်လိုက်သည်။ ဟောတိ၊ ဖြစ်၏။ တိဟိ ၊သုံးပါးကုန်သော။ ဣမိဟိ ဓမ္မေဟိ ၊ ဤကျေးဇူးတရာတော်တို့ နှင့်။ သမန္နာဂတဿ ၊ ပြည့်စုံတော်မူသော ။ ဘဂ၀တော ၊ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား ။ သဗ္ဗံ ၊အလုံးစုံသော။ ၀စီကမ္မံ ၊ နှုတ်ဖြင့်ပြုအပ်သောအမှုသည်။ ဥာဏပုဗ္ဗင်္ဂမံ ၊ဥာဏ်တော်ပြဌာန်းခြင်းရှိသည်။ ဥာဏာနု ပရိဝတ္တံ ၊ ဥာဏ်တော်၏ နောက် သို့  အစဉ်လိုက်သည်။ ဟောတိ၊ ဖြစ်၏။ တိဟိ ၊သုံးပါးကုန်သော။ ဣမိဟိ ဓမ္မေဟိ ၊ ဤကျေးဇူးတရာတော်တို့ နှင့်။ သမန္နာဂတဿ ၊ ပြည့်စုံတော်မူသော ။ ဘဂ၀တော ၊ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား ။ သဗ္ဗံ ၊အလုံးစုံသော။ မနောကမ္မံ ၊ စိတ်ဖြင့် ပြုအပ်သောအမှုသည်။ ဥာဏပုဗ္ဗင်္ဂမံ ၊ဥာဏ်တော်ပြဌာန်းခြင်းရှိသည်။ ဥာဏာနု ပရိဝတ္တံ ၊ ဥာဏ်တော်၏ နောက် သို့  အစဉ်လိုက်သည်။ ဟောတိ၊ ဖြစ်၏။

၎။ဆဟိ ၊သုံးပါးကုန်သော။ ဣမိဟိ ဓမ္မေဟိ ၊ ဤကျေးဇူးတရာတော်တို့ နှင့်။ သမန္နာဂတဿ ၊ ပြည့်စုံတော်မူသော ။ ဘဂ၀တော ၊ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား ။ ဆန္ဒဿ ၊ သတ္တ၀ါတို့ ၏ အကျိုးစီးပွားကို ပြုလိုသောဆန္ဒတော်၏။ ဟာနိ၊ ဆုတ်ယုတ်ခြင်းသည်။ နတ္ထိ ၊မရှိ။ ဓမ္မဒေသနာယ ၊တရားတော်ကို ဟောပြောခြင်း၏ ။ ဟာနိ၊ ဆုတ်ယုတ်ခြင်းသည်။ နတ္ထိ ၊မရှိ။ ၀ိရိယဿ ၊သူတပါး၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်း၌ လုံ့ လ၀ီ၇ိယတော်၏။ ဟာနိ၊ ဆုတ်ယုတ်ခြင်းသည်။ နတ္ထိ ၊မရှိ။ ၀ိပဿနာယ၊သင်္ခါရ တရား လက္ခဏာရေးသုံးပါးကို ရှုမှတ်သော ၀ိပဿနာ ဥာဏ်တော်၏။ ဆုတ်ယုတ်ခြင်းသည်။ နတ္ထိ ၊မရှိ။ သမာဓိဿ ၊စိတ်ကြည်လင်မှု သမာဓိတော်၏။ ဟာနိ၊ ဆုတ်ယုတ်ခြင်းသည်။ နတ္ထိ ၊မရှိ။ ၀ိမုတ္တိယာ ၊အရဟတ္တဖိုလ်ကို ၀င်စားတော်မူခြင်း၏။ ဟာနိ၊ ဆုတ်ယုတ်ခြင်းသည်။ နတ္ထိ ၊မရှိ။

၅။ ဒွါဒဿဟိ ၊တစ်ဆယ့်နှစ်ပါးကုန်သော။ ဣမိဟိ ဓမ္မေဟိ ၊ ဤကျေးဇူးတရာတော်တို့ နှင့်။ သမန္နာဂတဿ ၊ ပြည့်စုံတော်မူသော ။ ဘဂ၀တော ၊ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား ။ ဒ၀ါ၊ ရယ်မြူးလို၍ ပြုမူပြောဆိုခြင်းသည်။ နတ္ထိ ၊မရှိ။ ရ၀ါ၊သတိလက်လွတ်၍ ချွတ်ယွင်းပြုမူပြောဆိုခြင်း။ နတ္ထိ ၊မရှိ။ အဖုဋ္ဋံ၊ ဥာဏ်တော်ဖြင့် မတွေ့ မထိ မသိအပ်သော တရားသည်။ နတ္ထိ ၊မရှိ။ ဝေဂါယိဝတ္တံ ၊ ဥာဏ်ဖြင့် မဆင်မခြင် အဆောတလျင် ပြုသော အမှုသည်။ နတ္ထိ ၊မရှိ။ အဗျာဝဋ္ဋမနော၊ သူတပါးအတွက် ကြောင့်ကြမဲ့ ဖြစ်သော စိတ်နှလုံးတော်သည်။ နတ္ထိ ၊မရှိ။ အပ္ပဋ္ဋိသင်္ခါ နုပက္ခာ ၊ ဥာဏ်ဖြင့်မဆင်မခြင် လျစ်လျူရှုသော အမှုသည်။ နတ္ထိ ၊မရှိ။ အဋ္ဌာရသဟိ ၊တဆယ့်ရှစ်ပါးကုန်သော ဣမိဟိ ဓမ္မေဟိ ။ဤကျေးဇူးတရာတော်တို့ နှင့်။ သမန္နာဂတဿ ၊ ပြည့်စုံတော်မူသော ။ ဘဂ၀တော ၊ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား ။ နမော၊ ရှိခိုးပါ၏။ သတ္တန္နံ ၊ ခုနစ်ဆူကုန်သော ။သမ္မာသမ္ဗုဒ္ဓါနံ၊ ၀ိပဿီ. သိခီ. ဝေဿဘူ. ကကုသန္ဓ. ကောဏာဂမန. ကဿပ. ဂေါတမ – တည်းဟူသော မြတ်စွာဘုရားရှင်တို့ အား။ နမော၊ ရှိခိုးပါ၏။

၆။ တထာဂတဿ ၊ ၀ိပဿီ အစရှိသော ရှေးဘုရားတို့ ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားအား။ ကာယဒုစ္စရိတံ၊ ကိုယ်ဖြင့်ပြုအပ်သော မကောင်းမှု“ကာယဒုစရိုက်”သည်။ နတ္ထိ၊ မရှိ။ တထာဂတဿ ၊ ၀ိပဿီ အစရှိသော ရှေးဘုရားတို့ ကဲ့သို့ လာခြင်း ကောင်းတော်မူသော မြတ်စွာဘုရားအား။ ၀စီဒုစ္စရိတံ၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းမှု “၀စီဒုစရိုက်”သည်။ နတ္ထိ၊ မရှိ။ တထာဂတဿ ၊ ၀ိပဿီ အစရှိသော ရှေး ဘုရားတို့  ကဲ့သို့ လာခြင်း ကောင်းတော်မူသော မြတ်စွာဘုရားအား။ မနောဒုစ္စရိတံ၊ စိတ်ဖြင့်ပြုအပ်သော မကောင်းမှု “မနောဒုစရိုက်”သည်။ နတ္ထိ၊ မရှိ။ အတိတံသေ ၊လွန်လေပြီးသောအဖို့ ၌ ။ ပ္ပဋ္ဋိဟတံ ဥာဏံ၊ အဆီး အတား အပိတ်အပင် ရှိသော ဥာဏ်တော်သည်။ နတ္ထိ၊ မရှိ။ဘဂ၀တော ၊ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား ။ အနာဂတံသေ နောင်လာလတ္တံ သော အနာဂတ်အဖို့ ၌ ။ ပ္ပဋ္ဋိဟတံ ဥာဏံ၊ အဆီး အတား အပိတ်အပင် ရှိသော ဥာဏ်တော်သည်။ နတ္ထိ၊ မရှိ။ ဘဂ၀တော၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား ။ ပစ္စုပ္ပန္နံသေ ၊ ပစ္စုပ္ပန်မျက်မှောက်ဖြစ်သော အဖို့ ၌။ ပ္ပဋ္ဋိဟတံ ဥာဏံ၊ အဆီး အတား အပိတ်အပင် ရှိသော ဥာဏ်တော်သည်။ နတ္ထိ၊ မရှိ။သဗ္ဗံ ၊အလုံးစုံသော။ ကာယကမ္မံ ၊ ကိုယ်ဖြင့်ပြုအပ်သောအမှုသည်။ ဥာဏာပုဗ္ဗင်္ဂမံ၊ ဥာဏ်တော်ရှေ့သွားခြင်းမရှိခြင်းသည်။ နတ္ထိ၊ မရှိ။ ဥာဏံ ၊ ဥာဏ်တော်၏ ။နာနု ပရိဝတ္တံ ၊ နောက် သို့  အစဉ်မလိုက်ခြင်း။ နတ္ထိ၊ မရှိ။ သဗ္ဗံ ၊အလုံးစုံသော။ ၀စီကမ္မံ ၊ နှုတ်ဖြင့်ပြုအပ်သောအမှုသည်။ ဥာဏာပုဗ္ဗင်္ဂမံ၊ဥာဏ်တော်ရှေ့သွားခြင်းမရှိခြင်းသည်။ နတ္ထိ၊ မရှိ။ ဥာဏံ ၊ ဥာဏ်တော်၏ ။ နာနု ပရိဝတ္တံ ၊ နောက် သို့  အစဉ်မလိုက်ခြင်း။ နတ္ထိ၊ မရှိ။ သဗ္ဗံ ၊အလုံးစုံသော။ မနောကမ္မံ ၊ စိတ်ဖြင့်ပြုအပ်သောအမှုသည်။ ဥာဏာပုဗ္ဗင်္ဂမံ ၊ ဥာဏ်တော်ရှေ့သွားခြင်းမရှိခြင်းသည်။ နတ္ထိ၊ မရှိ။ ဥာဏံ ၊ ဥာဏ်တော်၏ ။နာနု ပရိဝတ၊ နောက် သို့  အစဉ်မလိုက်ခြင်း။ နတ္ထိ၊ မရှိ။

၇။ အာနန္ဒ ၊ချစ်သား အာနန္ဒာ။ ဣမံ ဓာရဏပရိတ္တံ၊ ဤှဓာရဏပရိတ်တော်ကို ။ ဓာရေဟိ ၊ ရွတ်ဆောင်ပါလော့။ ၀ါရေဟိ ၊ မှတ်သားပါလော့။ ပရိပုစ္ဆာဟိ ၊ မေးမြန်းစူးစမ်း ပါလော့ ။ တဿ ၊ ထိုသို့  ရွတ်ဆောင် မှတ်သား ဆင်ခြင်သောသူ၏။ ကာယေ ၊ ကိုယ်၌။ ၀ိသံ ၊ မြွေနဂါးစသည်တို့ ၏ အဆိပ်သည်။ န ကေမယ်၊ မက်ေရာက္ရာ။ ဥဒကေ ၊ ရေ၌ ။ န လဂ္ဂေယျ၊ မငြိတွယ် မနစ်မွန်းရာ။ အဂ္ဂိ ၊ မီးသည်။ န ဍဟေယျ၊ မလောင်ကျွမ်းရာ။ နာနာဘယ၀ိကော၊ အထူးထူးအပြားပြားသော ဘေးရန်တို့ သည် မထိမရောက်ရာ။ န ဧကာဟာရကော၊ တစုံတယောက်မျှ တစ်ရက် မကောင်းကြံသော သူသည်လည်း မကြံနိုင်ရာ။ န ဒွိဟာရကော၊ နှစ်ရက် မကောင်းကြံသော သူသည်လည်း မကြံနိုင်ရာ ။ န တိဟာရကော၊ သုံးရက် မကောင်းကြံသော သူသည်လည်း မကြံနိုင်ရာ။ န စတုဟာရကော၊ လေးရက် မကောင်းကြံသော သူသည်လည်း မကြံနိုင်ရာ။ န ဥမ္မတ္တကံ၊ ရူးသွပ် ပျံ့လွင့်သော အနာလည်း မဖြစ်ရာ။ န မူဠကံ၊ တွေဝေမိုက်မဲသော အနာလည်း မဖြစ်ရာ။ မနုေဿဟိ ၊ လူတို့ သည်လည်းကောင်း။ အမနုေဿဟိ ၊ဘီလူးတို့ သည် လည်းကောင်း။ န ဟိံသကာ ၊ မညှင်းဆဲ မဖျက်ဆီး မနှိပ်စက်ရာ။

၈။ တံ ဓာရန ပရိတ္တံ ၊ ထိုဓာရန ပရိတ်တော်သည်။ ယထာ ကတမေ၊ အဘယ် တို့ နည်းဟူမူကား။ ဇာလော ၊ စကြ၀ဋ္ဌာကိုလောင်ကြွမ်းစေသော နေခုနစ်စင်း၏ အရှိန်ကဲ့သို့  အန္တရာယ်အပေါင်းတို့ ကို လောင်ကြွမ်းစေသော ဘုန်းတန်ခိုးရှိန်စော် အာနုဘော်ရှိ၏။ မဟာဇာလော၊ နတ်. သိကြား. ဂဠုန်. ကုမ္ဘဏ်. ဘီလူး. ရက္ခိုသ် အစ ရှိသည်တို့ ကို တားမြစ်နိုင်သော သံကွန်ရက်နှင့် တူသော ဘုန်းတန်ခိုးရှိန်စော် အာနုဘော်ရှိ၏။ ဇာလိတ္တေ ၊ ရေ. မီး. မင်း. သူခိုး. မချစ်မနှစ်သက်လိုသူဟုဆိုအပ်သော ရန်သူမျိုးငါးပါးမှလည်း ဖယ်ရှားတားမြစ်နိုင်၏။ မဟာဇာလိတ္တေ၊ ဒုဗ္ဘိက္ခန္တရကပ်. သတ္တန္တရကပ်. ရောဂန္တရကပ် ဟုဆိုအပ်သော ကပ်ကြီးသုံးပါးမှ ကင်းလွတ်စေနိုင်၏။ ပုဂ္ဂေ ၊ အမိဝမ်းတွင်း၌ ပဋိသန္ဓေ နေသော်လည်း အ-ခြင်း. ဆွံ့ခြင်း. နားပင်းခြင်း. ရူးသွပ်ပျံ့လွင့်ခြင်း အနာမျိုးတို့ မှ လွတ်စေနိုင်၏။ မဟာပုဂ္ဂေ၊ သစ်ပင်. တောင်. ကမ်း. ချောက်ကမ်းပါးတို့ မှ ကျသော်ငြားလည်း မသေနိုင်ရာ။ သမ္ပတ္တေ ၊ မရသေးသော စည်းစိမ်ချမ်းသာ ကိုလည်း ရစေနိုင်၏။ မဟာ သမ္ပတ္တေ၊ ရပြီးသော စည်းစိမ်ချမ်းသာကိုလည်း ကြီးကျယ်ပြန့် ပွားစေ၏။ ဘူတင်္ဂမှိ ၊ ဟုတ်မှန်သောအားဖြင့်။ တမင်္ဂလံ ၊ အမိုက်ပျောက်၍ အလင်းရောက်စေနိုင်၏။
အာနန္ဒ၊ ချစ်သား အာနန္ဒာ။ ခေါ ပန စင်စစ်မူကား။ ဣမံ ဓာရဏပရိတ္တံ ၊ ဤဓာရဏပရိတ်တော်ကို။ သတ္တ သတ္တတိသမ္မာသမ္ဗုဒ္ဓ ကောဋီဟိ ၊ (၇၇)ကုဋေကုန်သော ဘုရားရှင်တို့ သည်။ ဘာသိတံ၊ ကောင်းစွာဟောကြားတော်မူပြီး ဖြစ်၏။ ၀တ္တေ ၊ ကောင်းသောအကျိုးနှင့်ယှဉ်၏။ အ၀တ္တေ၊ မကောင်းသော အကျိုးနှင့် မယှဉ်။ ဂန္ဓဝေ၊ ကောင်းသော တရားအနံ့ မျိုးကို ဆောင်၏။ အဂန္ဓဝေ၊ မကောင်းသော တရားအရသာ အနံ့ မျိုးကို မဆောင်။ နောမေ၊ ကောင်းသော စိတ်နှလုံးကို ဆောင်း၏။ အနောမေ၊ မကောင်းသော စိတ်နှလုံးကို မဆောင်။ သေဝေ ၊ သူတော်ကောင်း တို့ နှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲရသည်ဖြစ်၏။ အသေဝေ၊ သူယုတ်မာတို့ နှင့် မပေါင်းဖော် မယှဉ်တွဲ ရပေ။ ကာယေ ၊ ကောင်းသော ကိုယ်ကို ဖြစ်စေ၏။ အကာယေ၊ မကောင်းသော ကိုယ်မဖြစ်ရာ ။ ဓာရဏေ ၊ ကောင်းသော ကုသိုလ်မှုကို ပြုဆောင်ရ၏။ အဓာရဏေ၊ မကောင်းသော အကုသိုလ်အမှုကို မပြုဆောင်ရ။ ဣလ္လိ ၊ ကောင်းသော အိပ်မက်ကို မက်မြင်ရ၏။ မိလ္လိ၊ မကောင်းသော အိပ်မက်ကို မမက်မြင်ရ။ တိလ္လိ ၊ ကောင်းသော အတိတ်နိမိတ်ကို မြင်ရ၏။ မိလ္လိ၊ မကောင်းသော အတိတ်နိမိတ်ကို မမြင်ရ။ ယောရုက္ခေ ၊ သေပြီးသော သစ်ပင်တို့ ကို ရှင်စေနိုင်၏။ မဟာယောရုက္ခေ၊ ရှင်ပြီးသော သစ်ပင်တို့ ကို လည်း အကိုင်းအခက်တို့ ဖြင့် ဝေဆာစေ၏။ ဘူတင်္ဂမှိ ၊ ဟုတ်မှန်သောအားဖြင့်။ တမင်္ဂလံ ၊ အမိုက်ပျောက်၍ အလင်းရောက်စေနိုင်၏။

၉။ အာနန္ဒ ၊ချစ်သား အာနန္ဒာ။ ဣမံ ဓာရဏပရိတ္တံ ၊ ဤှဓာရဏပရိတ်တော်ကို ။ န၀န၀ုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ (၉၉) ကုဋေကုန်သော မြတ်စွာဘုရားရှင်တို့ သည်။ ဘာသိတံ၊ ဟောတော်မူခဲ့ပြီးပြီ။ ဒိဋ္ဌိလာ၊ မကောင်းသဖြင့် ကြံသောသူတို့ ၏ အကြံအစည်ကိုလည်း သိမြင်နိုင်၏။ ဒဏ္ဋိလာ ၊ ဓား. လှံ. လက်နက်. လေး. မြား. မီးပေါက်. အမြောက် အစရှိသော ဘေးတို့ သည် မထိရောက်စေနိုင်။ မန္တိလာ ၊ မန္တန်. မန္တရား. ဂါထာ. အင်းအိုင် တို့ သည်လည်း ထက်မြက်နိုင်၏။ ရောဂိလာ ၊ ရောဂါအန္တရာယ်မျိုးတို့ ကိုလည်း မထိရောက်နိုင်။ ခရလာ၊ ကြမ်းတမ်းခက်မာသော အနာမျိုးတို့ ကို လည်း ပယ်ဖျောက်နိုင်၏။ ဒုဗ္ဘိလာ ၊ ကြိုး. ထိတ်. သံခြေကျင်း. တွင်းလှောင်. တို့ မှလည်း လွတ်စေနိုင်၏။ ဧတေန သစ္စ၀ဇ္ဇေန ၊ ဤမှန်သောသစ္စာစကားကြောင့်။ သဗ္ဗဒါ ၊ အခါခပ်သိမ်း။ မေ၊ ငါ့အား။ (တေ၊ သင့်အား။ အမှာကံ၊ ငါတို့ အား။ တုမှာကံ၊ သင်တို့ အား) ။ သောတ္တိ ၊ ချမ်းသာခြင်းသည်။ ဟောတု ၊ ဖြစ်ပါစေသတည်း။

SuN

http://www.burmesemonastery.org.uk/dhamma.html

သာသနရံသီ ၀ိဟာရ ၀တ်ရွတ်စဉ်

သြကာသ ကန်တော့ခန်း


သြကာသ သြကာသ သြကာသ၊ ကာယကံ ၀စီကံ မနောကံ တည်းဟူသော ကံသုံးပါးတို့တွင် တစ်ပါးသောကံဖြင့် ပြစ်မှားကျူးလွန်မိသည်ရှိသော် သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ ဒုတိယ တတိယ၊ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့်

  • အပယ်လေးပါး၊
  • ကပ်သုံးပါး၊
  • ရပ်ပြစ်ရှစ်ပါး၊
  • ရန်သူမျိုးငါးပါး၊
  • ၀ိပတ္တိတရားလေးပါး၊
  • ဗျသနတရားငါးပါး

တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းရကုန်သည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

သရဏဂုံနှင့် ငါးပါးသီလ တောင်းခြင်း

  • အဟံဘန္တေတိသရဏေန သဟ ပဉ္ဇသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေ ဘန္တေ။
  • ဒုတိယမိ အဟံဘန္တေတိသရဏေန သဟ ပဉ္ဇသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေ ဘန္တေ။
  • တတိယမိ အဟံဘန္တေတိသရဏေန သဟ ပဉ္ဇသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေ ဘန္တေ။

အာမဘန္တေပါ အရှင်ဘုရား။

ဘုရားရှိခိုး
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

သရဏဂုံ ဆောက်တည်ခြင်း
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။ တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။

ငါးပါးသီလ ဆောက်တည်ခြင်း
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၃။ ကာမေသု မိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၎။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

အာမဘန္တေပါ အရှင်ဘုရား။

http://nayhla.blogspot.com/

http://www.nayhtun.blogspot.com/

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး

ဗုဒ္ဓ  

ဗုဒ္ဓ

 

 

ရဟန်းတို့……ငါဘုရားသည် ကိုယ်ဆင်းရဲမှု ဒုက္ခနှင့်တကွ၊ စိတ်မချမ်းသာမှု ဒေါမနဿ နှင့်တကွ၊ အရိယာသစ္စာလေးပါးတို့ကို ထိုးထွင်းသိမြင်ခြင်းကိုကား ဟောတော်မမူပါ။ ကိုယ်ချမ်းသာခြင်း သုခနှင့်တကွ စိတ်ချမ်းသာခြင်းသောမနဿနှင့်တကွသာလျှင် အရိယာသစ္စာလေးပါးတို့ကို ထိုးထွင်းသိမြင်ခြင်းကိုကား ငါဘုရားရှင်သည် ဟောကြားတော်မူပါ၏။


http://www.edhamma.com/

www.nibbana.com/

www.nibbanadhamma.tk/ (NibbanaDhamma Talks in Myanmar)

http://www.tbsa.org/

http://www.dhammalecturevideo.org/
http://www.sitagu.org/
http://www.smcmeditation.org
http://www.cakkavala.org
http://www.paauktawya.org/
http://www.paaukforestmonastery.org
http://www.paauk.org
http://www.dhamadarna.net/
http://mogokinsightny.org
http://www.ttvmc.org/
http://www.shweparami.net/
http://www.triplegem.plus.com/dhamajnl.htm
http://www.dhammaonline.org
http://www.dhamma.org/
http://www.mahasi.org.mm/
http://www.foreverspace.com.mm
http://www.paramis.org
http://www.gandayon.net
http://dhammadhamma.googlepages.com
http://www.mahasiusa.org/
http://www.vri.dhamma.org/
http://www.audiodharma.org
http://www.buddhist-elibrary.org
http://www.myanmardhamma.net

http://lknt4.blogspot.com/ လို ဓမ္မပဒ ပါဋ္ဌိ – မြန်မာ – ENG သုံးဘာသာ ရေးထားတဲ့ စာတွေလို ဘယ်က လွယ်လွယ်ကူကူုနဲ့ ရနိုင်မလဲ။ စုစုပေါင်း အပိုဒ် 424 ပိုဒ်ပါတယ်။

http://www.buddhist-terminology.co.cc/

BUDDHIST TERMS’ Dictionary

 

· A နှင့်စသော – (31)

· B နှင့်စသော – (19)

· C နှင့်စသော – (29)

· D နှင့်စသော – (26)

· E နှင့်စသော – (41)

· F နှင့်စသော – (38)

· G နှင့်စသော – (8)

· H နှင့်စသော – (12)

· I နှင့်စသော – (17)

· K နှင့်စသော – (4)

· L နှင့်စသော – (14)

· M နှင့်စသော – (26)

· N နှင့်စသော – (17)

· O နှင့်စသော – (16)

· P နှင့်စသော – (13)

 

PERFECTION – ပါရမီ

 

PERFECTION Pᾱramῑ


ပါရမီ – မြင့်မြတ်သူတို့၏ လုပ်ငန်းစဉ်၊ ဘုရားလောင်းကျင့်စဉ်။


ဘုရားအလောင်းတော်တို့သည် ဘုရားဖြစ်ရန်အတွက် ပါရမီ (၁၀)ပါးကို ဖြည့်ကျင့်ကြရသည်။
ပါရမီ (၁၀)ပါးမှာ –


(၁) ဒါနပါရမီ၊

(၂) သီလပါရမီ၊

(၃) နေက္ခမ္မပါရမီ၊

(၄) ပညာပါရမီ၊

(၅) ၀ီရိယပါရမီ၊

(၆) ခန္တီပါရမီ၊

(၇) သစ္စာပါရမီ၊

(၈) အဓိဋ္ဌာနပါရမီ၊

(၉) မေတ္တာပါရမီ၊

(၁၀) ဥပေက္ခာပါရမီ – တို့ ဖြစ်ကြသည်။


Sequence of practice of the Virtuous; sequence of practice of the Buddha-to-be’s, Bodhisattas.


The Bodhisattas aspiring to attain Buddhahood have to fulfill ten perfections, Paramis.

The ten Paramis are : –

(1) Perfection in giving, dᾱna pᾱramῑ,

(2) Perfection in morality, sῑla pᾱramῑ,

(3) Perfection in renunciation, nekkhamma pᾱramῑ,

(4) Perfection in wisdom, pañña pᾱramῑ,

(5) Perfection in effort, vῑriya pᾱramῑ,

(6) Perfection in patience, khantῑ pᾱramῑ,

(7) Perfection in truthfulness, saccᾱ pᾱramῑ,

(8) Perfection in resolution, adiṭṭhana pᾱramῑ,

(9) Perfection in loving-kindness, mettᾱ pᾱramῑ; and

(10) Perfection in equanimity, upakkhᾱ pᾱramῑ.

ဗုဒ္ဓသာသနာ အဓွန့်ရှည်ပြန့်ပွားရန် ရည်ရွယ်၍ လည်းကောင်း၊ မိမိကိုးကွယ်ရာဘာသာ၏ အနှစ်သာရကို သိရှိရန် ရည်ရွယ်၍ လည်းကောင်း၊ တခါတရံ ဗုဒ္ဓ၏အဆုံးအမများအား နိုင်ငံခြားသားများကို ရှင်းပြရာတွင် အသုံးအနှုံးကွဲလွဲတာနှင့်အမျှ ဆိုလိုရင်းပျောက်ပြီး၊ ဗုဒ္ဓ၏ အနှစ်သာရရှိသော အဆုံးအမများအား ပေါ့ပျက်ပျက်မထင်စေရန် ရည်ရွယ်၍လည်းကောင်း၊ …. …. ….
…. လည်းကောင်းပေါင်းများစွာဖြင့် တင်ပြခြင်းဖြစ်ပါသည်။

ကိုရုပ်ဆိုး
http://koyokesoe.blogspot.com

 

http://www.pti31.com/search/label/%E1%80%99%E1%80%82%E1%81%A4%E1%80%9C%E1%80%AC%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%B9

မေမေ ရှင်းပြတဲ့ ဗုဒ္ဓ ရဲ့ မင်္ဂလာတရားတော် – ၁

မေမေ ရှင်းပြတဲ့ ဗုဒ္ဓ ရဲ့ မင်္ဂလာတရားတော် – ၂

မေမေ ရှင်းပြတဲ့ ဗုဒ္ဓ ရဲ့ မင်္ဂလာတရားတော် – ၃

မေမေ ရှင်းပြတဲ့ ဗုဒ္ဓ ရဲ့ မင်္ဂလာတရားတော် – ၎

မေမေ ရှင်းပြတဲ့ ဗုဒ္ဓ ရဲ့ မင်္ဂလာတရားတော် – ၅

မေမေ ရှင်းပြတဲ့ ဗုဒ္ဓ ရဲ့ မင်္ဂလာတရားတော် – ၆

http://lkntnew.blogspot.com/

http://lknt.blogspot.com/

 

ဗုဒ္ဓ အဆုံးအမ ဆိုင်ရာ စာမျက်နှာများ

 

 

Leave a comment